"အိမ်စာတွေလုပ်ခဲ့ကြလား''
"လုပ်ခဲ့ပါတယ် ဆရာ''
ဆရာခွန်သာမိုးဇက်အချိန်မို့ အတန်းထဲမှာ အသံတွေဟိန်းထွက်နေသည်။ ကောင်းနိုးရာနဲ့လက်ထပ်ထားတယ်ဆိုလည်း ဂရုစိုက်ကြပုံမပေါ်။ ရာကလည်း သူ့ဘာသာနေသည်။ ဘယ်သူဘယ်ဝါက ဆရာကချောလိုက်တာ၊ကြိုက်လိုက်တာပြောနေလည်း မသိချင်ယောင်ဆောင်သည်။ ကြာရင်တော့ ကောင်းနိုးရာနှင့်သူပတ်သက်သည်ဆိုတာကိုပင်မေ့နေလောက်ရော့မည်။
"တစ်ယောက်ချင်းစီခေါ်စစ်မယ်''
"ဟုတ်ကဲ့ပါ ဆရာ၊ သမီးကိုအရင်ခေါ် ဆရာ''
"သမီးကို..သမီးကို၊ သမီး အိမ်စာလုပ်လာတယ်ဆရာ''
ကျောင်းသူတွေ နေရာကနေမထရုံတမယ် အလုအယက်ပြောကြသည်။
"အဟမ်း...ဆရာခုံနံပါတ်လိုက်ခေါ်မယ်''
"ဟွန်း...ဆရာကလည်း''
မကျေမနပ်ရေရွတ်ကြရင်း ကျောင်းသူတွေပြန်ငြိမ်သွားကြသည်။ ကျောင်းသားတွေကတော့ သူတို့ပြောချင်တာကိုတီးတိုးပြောရုံကလွဲပြီး အများစုကငြိမ်ချက်သားကောင်းလို့။
လက်ထဲမှာ အိမ်စာလုပ်လာတဲ့စာအုပ်ကိုမြှောက်ပြီး အများနည်းတူအော်ဟစ်နေသည့်အိန္ဒြာလင်းတစ်ယောက်ကို နောက်ကနေကြည့်ရင်း စိုပြေပင့်သက်ရှိုက်မိသည်။ အိန္ဒြာလင်းတစ်ယောက်နဲ့လည်း ဒုက္ခပါ။ ကောင်းနိုးရာကိုအားနာဖို့လည်းကောင်းသလို မျက်နှာလည်းပူမိသည်။ ကောင်မလေးတွေကလည်း သူတို့ကြိုက်မိပြီဆိုခက်သား။
ရာ့ကိုလှည့်ကြည့်တော့ ရာက ပြတင်းပေါက်ကတဆင့်အပြင်ဘက်ကိုသာငေးကြည့်နေသည်။ အတန်းရှေ့က ဆရာခွန်သာကိုဖုတ်လေတဲ့ငပိရှိတယ်လို့ပင်ထင်ပုံမရ။
ဟိုတနေ့ကသူချွန်တွန်းလုပ်ပေးလိုက်တာနဲ့ စကားမပြောတာဘယ်နှစ်ရက်ရှိပြီလဲ။ ငါ့လာမခေါ်နဲ့ဆိုပြီး သူ့ကိုပစ်ထားလိုက်တာ တစ်ပတ်လုံး။
"Roll no-6''
"Roll no - 6''
ဆရာခွန်သာမိုးဇက်သြရှရှအသံ ဒုတိယအကြိမ်မြောက်ထွက်လာသည်။
"ရာ...မင်းအလှည့်ရောက်ပြီ''
စိုပြေလှမ်းခေါ်ပြီးသတိပေးမှ ရာကသတိဝင်လာသလို အယောင်ယောင်အမှားမှားလှည့်ကြည့်သည်။
YOU ARE READING
My Teacher is My Husband (Completed)
RomanceCredit - Cover Photo Started Date - Oct 3, 2021