P~10 (Z)

1.5K 204 6
                                    

ပုံမှန်alarmပေးနေချိန်ကျအချိန်မှာ ကောင်းနိုးရာ အိပ်ရာနိုးလာခဲ့သည်။

ညက စိုပြေလှမ်းပို့ပေးထားသည့်စာတွေကိုပြန်ကူးပြီးနောက် အိပ်ပျော်သွားတာဖြစ်၏။

အိပ်ယာအပြောင်းအလဲဖြစ်ပေမဲ့ အိပ်မပျော်တာမျိုးတော့မရှိ။
တစ်နေကုန်ပင်ပန်းထားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာလည်းဖြစ်လိမ့်မည်။

ဒေါက်*ဒေါက်*

ရေချိုးခန်းထဲကထွက်လာပြီးသည်နောက် ကျောင်းသွားဖို့ပြင်ဆင်နေတုန်း တံခါးခေါက်သံကြားလိုက်ရသည်။

ိကိုယ်မှာဝတ်လက်စကျောင်းရှပ်အင်္ကျီကို ကြယ်သီးတပ်ရင်း တံခါးသွားဖွင့်ပေးလိုက်တော့...

"ပြီးရင် ထွက်ခဲ့၊ မနက်စာစားပြီး ကျောင်းသွားမယ်''

ကျောင်းသွားဖို့အသင့်ဖြစ်နေသည့်ဆရာခွန်သာမိုးဇက်။ အပေါ်ကုတ်အင်္ကျီကိုလက်တစ်ဖက်မှာတင်ထားပြီး တစ်ဖက်က လက်ဆွဲအိတ်ကိုကိုင်ထားသည်။

မနက်ခင်းမှာ ရှပ်အင်္ကျီဖြူလက်ရှည်နှင့်သားနားနေကာ တစ်မျိုးကြည့်ကောင်းနေသည်။

"ခဏနေ ဆင်းလာခဲ့မယ်''

ကိုယ့်ကိုစိုက်ကြည့်နေတာမို့ ပြန်ဖြေလိုက်ရသည်။

သူကျောခိုင်းထွက်သွားသည်နောက် တံခါးပြန်ပိတ်သည်ထိ အခန်းဝက သူ့ကိုယ်သင်းရနံ့ဖျော့ဖျော့က နှာခေါင်းထဲမှာစွဲနေဆဲ။

တစ်ကိုယ်ရည်သုံးပစ္စည်းတွေထည့်ထားသည့် block board ဗီရိုထဲက ရေမွှေးပုလင်းကိုထုတ်ကာ လက်ကောက်ဝတ်သွေးကြောကိုရေမွှေးတစ်ချက်ဆွတ်ပစ်လိုက်တော့
နှာခေါင်းထဲမှာ သူ့အနံ့တို့ပျောက်သွားသည်။

ကျောင်းယူနီဖောင်းသေချာဝတ်ပြီးသည်နောက် ကျောပိုးအိတ်လွယ်ကာ အောက်ကိုဆင်းလာခဲ့လိုက်၏။

"ကော်ဖီနဲ့မုန့်ပဲစားမယ် ပြောထားတယ်ဆို''

"အင်း''

ထမင်းစားပွဲဝိုင်းတစ်ခုံကျော်မှာ ထိုင်တော့ သူနှင့် မျက်စောင်းထိုးဖြစ်ကာ။

"စားရသောက်ရတာ အဆင်မပြေတာရှိရင် ပြောထား၊ မင်းလိုအပ်တာရှိရင်လည်း ကိုယ့်ကိုပြော''

My Teacher is My Husband (Completed)Donde viven las historias. Descúbrelo ahora