P~19 (U)

2.4K 137 2
                                    

"ကိုယ် မင်းကိုချစ်နေတာ ကြာပြီ''

နားထဲမှာတရစ်လည်လည် ဒီစကားကိုပဲကြားနေရသည်။

စာကိုအာရုံစိုက်လုပ်ပေမဲ့ ဘယ်လိုမှအာရုံထည့်လို့မရ။

သူ့အပြုအမူတွေ၊ သူ့မျက်ဝန်းတွေပဲ မြင်ယောင်မိနေရင်း တနေ့လုံး စာတွေမှားရေးမိတာ အခါခါ။

မနက်စာစားပြီးလောက်ကတည်းက သူ အပြင်ထွက်သွားသည်ဖြစ်ကာ မနေ့ကတည်းက နှစ်ယောက်သားမျက်နှာချင်းမဆိုင်ဖြစ်ကြခြင်း။

ရာ့အတွက် ကံဆိုးခြင်းထဲကံကောင်းသည်က ဒီနေ့ကစပြီး ကျောင်းပိတ်ရက်နှစ်ရက်ဆက်မို့ ခြေထောက်ဒဏ်ရာကြီးနှင့် ကျောင်းသွားဖို့ဒုက္ခကလွတ်သွားသည်။

ဒေါက်တာပြောတဲ့အတိုင်း နှစ်ရက်သုံးရက်ဆိုရင်တော့ ကျောင့်ဖွင့်ရက်ကျရင် ခြေထောက်ပုံမှန်အတိုင်း သက်သာလောက်ပါရဲ့။

"ထမင်းစားရအောင်''

ဘေးနားက ရုတ်တရက်ထွက်လာသည့်အသံကြောင့် ရာ ပခုံးတွေပါတုန်ပြီးလန့်ဖျပ်သွားရသည်။

အလန့်တကြားဖြစ်သွားရသည်မို့ လက်ထဲမှာကိုင်ထားသည့်ဖောင်တိန်က လွင့်ပစ်သလိုဖြစ်သွားကာ စားပွဲအောက်ကိုဖောင်တိန်ကျသွားလေသည်။

ဒီဆရာ ဘယ်အချိန်ကတည်းက အနားကိုရောက်နေမှန်းမသိ။

"အဲ့လောက်ကြီးထိမလန့်ပါနဲ့ကွာ၊ ကိုယ် မင်းကိုကိုက်မစားပါဘူး''

ကြည့်၊ ဒီဆရာပြောပုံကြီးက။ နောက်ပြီး လန့်စရာကောင်းအောင်သူ့ကိုယ့်သူ အသုံးအနှုန်းတွေကစ အတည်ကြီး ပြောင်းလဲသွားသေးသည်။

ရာ သူပြောတာကိုဂရုစိုက်မနေတော့ဘဲ ခုံပေါ်ကနေ စားပွဲခုံအောက်ငုံ့ကြည့်မိသည်။

တွေ့ပါပြီ။ စားပွဲခြေနားမှာကပ်နေသည့် ရာ့ဖောင်တိန်လေး။

"ကိုယ် မင်းအတွက် ထမင်းဟင်းတွေယူလာခဲ့တယ်''

"ဟင်!''

ရာ့ကိုယ်လေးဆတ်ခနဲတုန်သွားရသည်။

သူ့ဆီမှ ယောကျာၤးဆန်သည့်ကိုယ်သင်းရနံ့ဖျော့ဖျော့သည် နီးကပ်နေသည့်အနေအထားကြောင့် နှာခေါင်းဝထဲ ရှူရှိုက်မိ၏။

My Teacher is My Husband (Completed)Where stories live. Discover now