P~3 (U)

2.5K 167 6
                                    

"ဆရာလာပြီ''

မိန်းကလေးအတန်းခေါင်းဆောင်ရဲ့ အသံကြားရပြီးနောက် အကုန်လုံးက နှုတ်ဆက်ဖို့ထကြသည်။ ကောင်းနိုးရာ မထချင်ထချင်ထကာ နှုတ်ဆက်လိုက်သည်။

"ဒါက ဘာလဲ'' ဆရာခွန်သာမိုးဇက်ရဲ့တီးတိုးရွတ်သံနောက်မှာ တစ်တန်းလုံးရဲ့စိတ်ဝင်စားမှုက စုပြုံရောက်သည်။

"ဟုတ်ပ...ရှက်စရာကြီ၊ တော်တော်အတင့်ရဲတယ်''

"မိန်းကလေးပဲနေမှာ ''

"ယောကျာ်းလေးလည်းဖြစ်နိုင်တာပဲ''

"ဘာတွေရေးထားတာလဲမသိဘူး....သိချင်လိုက်တာ''

တညလုံး မအိပ်ခဲ့ရလို့ လူက ညီးစီစီဖြစ်ကာ တနေ့လုံးအိပ်ငိုက်နေသည်။ အခုလည်း နားချိန်ပေးလို့ ခုံပေါ်မှာမှောက်အိပ်နေပေမဲ့ အချိန်ပြည့်ဘဲလ်သံကြားတော့ နိုးလာရသလို ပတ်ပတ်လည်တစ်ခုလုံး ဆူညံနေကြရာမှ ပြန်တိတ်ဆိတ်သွားတာမို့ မျက်လုံးတွေကိုမနည်းအားယူဖွင့်ကာ နံရံမှာမှီနေရာကခွာကာ ရှေ့က ဆရာကိုမြင်ရအောင်ကြိုးစားကြည့်လိုက်သည်။

ခွန်သာ ခုံပေါ်ကစာအုပ်လေးကိုကိုင်ကာ အဖုံးကိုကြည့်တော့ အင်္ဂလိပ်စာလုံးလေးနှစ်လုံးကိုသာတွေ့ကာ ဘယ်သူစာအုပ်မှန်းမသိရ။ စာအုပ်လေးကခပ်ထူထူနုတ်ဘုတ်လေးဖြစ်ကာ ပန်းရောင်လေးမို့ကဗျာဆန်သလို မျက်နှာဖုံးလေးကိုလည်း အချစ်သငေ်္ကတပုံလေးတွေနဲ့ပြုလုပ်ထားသည်။ အဖုံးကို ဖွင့်ကာ ကြည့်လိုက်ပြီး စာမျက်နှာထက်က စာတိုတိုလေးတွေကိုဖတ်ကာ ခေါင်းအသာရမ်းရင်းပြုံးလိုက်သည်။

"ဘယ်သူ အဲ့လောက်အတင့်ရဲပြီးထားထားလဲမသိဘူး''

"ဟုတ်ပ...တစ်တန်းလုံးရှေ့မှာ၊ သိခဲ့ရင် ကြိုဖတ်ထားပါတယ်''

ကောင်မလေးတွေပြောတာကိုကြားသလို ကောင်းနိးရာ ဆရာ့လက်ထဲကစာအုပ်ကိုမြင်ကာ ဦးနှောက်က အရင်ရက်က အိန္ဒြာလင်းရဲ့ပုံရိပ်အချို့နေရာယူလာသည်။ အိန္ဒြာလင်းကိုလှမ်းကြည့်လိုက်တော့ သူထင်ထားတဲ့အတိုင်းဖြစ်နေပုံရကာ ဆရာ့ကိုကြည့်ရင်း အိန္ဒြာလင်းပုံစံကစိုးထိတ်နေပုံရတာမို့ ကောင်းနိုးရာ သေချာသိလိုက်သည်။ စိုပြေက သံသယဝင်နေပုံရကာ အိန္ဒြာလင်းရဲ့ကျောပြင်ကိုသာ စိုက်ကြည့်နေလေသည်။

My Teacher is My Husband (Completed)Where stories live. Discover now