P~8 (Z)

1.4K 180 2
                                    

"မင်္ဂလာပွဲကိုတော့ စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ်မှာမဟုတ်တော့ဘူး၊ ရှေ့နေ့နဲ့ပဲ အကျဉ်းရုံးလက်မှတ်ထိုးရလိမ့်မယ်''

ကောင်းနိုးရာ အပေါ်ကနေဆင်းလာပြီး ဧည့်ခန်းထဲမှာထိုင်လိုက်ရင်ပဲ ခပ်အေးအေးဆိုလာတဲ့ဆရာခွန်သာမိုးဇက်။

စတိုင်ပန်ခဲညိုရောင်နှင့် ရှပ်အညိုဖျော့ပေါ်ကကုတ်အညိုရောင်ဝတ်ထားတာက ခါတိုင်းလိုပဲသားသားနားနား။ ကျောင်းကိုမသွားခင် ရာ့ဆီဝင်လာပုံပင်။

" ကျွန်တော် ဘယ်လိုမှသဘောမတူဘူးနော် ဆရာခွန်သာမိုးဇက်၊ မဖြစ်နိုင်တာကြီးကို ဆရာဇွတ်မလုပ်ချင်ပါနဲ့''

"ရှေ့နေနဲ့အကုန်ပြောပြီးပြီ၊ မနက်ဖြန် တရားဝင်လက်မှတ်ထိုးမယ်၊ အသိသက်သေအဖြစ် ငါ့အကိုကြီးနဲ့ ဒီဘက်ရပ်ကွက်ကလူကြီးတွေက လက်မှတ်ထိုးပေးလိမ့်မယ်၊ မနက်ဖြန်ထိ ကျောင်းခွင့်ယူထားပေးတယ်''

ပြောပြီး မတ်တပ်ထရပ်ကာ ချက်ချင်းပြန်ဖို့လုပ်၏။

"ဟင့်အင်း၊ ကျွန်တော် လုံးဝလက်မခံနိုင်ဘူး''

ပြောတာကိုဂရုမစိုက်ဘဲ သူ့အစီအစဉ်အတိုင်း အပ်ချမက်ချပြောနေသည့်ဆရာကြောင့် ရာငိုချင်စိတ်ပေါက်လာသည်။

ဒီဆရာ၊ ပြောလိုက်ရင် သူ့သဘောအတိုင်းကြီးပဲ။

"လက်မခံလို့မရဘူး၊ အဓိက... ဖွားက မင်းနဲ့ငါ့ကိုပေးစားခဲ့တာက သူမရှိတော့တဲ့အခါ မင်းတစ်ယောက်တည်းကိုစိတ်မချလို့။ ဖွားစီစဉ်ထားတဲ့အတိုင်း တရားဝင်လက်ထပ်ပြီးတဲ့အခါ ငါက မင်းရဲ့တရားဝင်အုပ်ထိန်းသူပဲ။ အဲ့ဒီအတွက် ငါတစ်ယောက်တည်းစီစဉ်တာမျိုးလည်းမဟုတ်ဘူး၊ မနေ့က ငါ့ဆီကို ဖွားရဲ့ရှေ့နေ ဖုန်းဆက်လာတယ်.... ငါ့ကို အဲ့လိုစိတ်ညစ်တဲ့မျက်ဝန်းတွေနဲ့လာမကြည့်နဲ့''

ရာ သူ့ကိုခါးခါးတူးတူးကြည့်နေမိတော့ ပြောနေရင်းသား လှမ်းဟောက်၏။ ကောင်းနိုးရာ စိတ်ပျက်စွာ သူ့ကိုတစ်ချက်ကြည့်ပြီး သူ့ထံမှဖျတ်ခနဲအကြည့်လွှဲပစ်လိုက်သည်။

"ငါလည်း မင်းက ယောကျာင်္းလေးမှန်းသိသိရက်နဲ့ လက်ထပ်ချင်လွန်းလို့တော့မထင်နဲ့၊ ငါက ဆယ်ခါပြန်တောင် မင်းနဲ့လက်မထပ်ချင်သေးတယ်၊ ခဏနေ ရှေ့နေလာလိမ့်မယ်၊ ဒီနေ့ ကျောင်းလာဖို့မပြင်နဲ့''

My Teacher is My Husband (Completed)Donde viven las historias. Descúbrelo ahora