P~17 (U)

2.2K 146 3
                                    

"အကိုလေး ကားရောက်ပြီဗျ''

ကျောင်းရှေ့လမ်းဘေးကို အိမ်ကကားထိုးရပ်လာပေမဲ့ ရာသတိမထားမိလိုက်။ စောင့်ရတာနည်းနည်းကြာသွားသည်မို့ လမ်းဟိုဘက်ဒီဘက်ကြည့်ရင်း အာရုံထွေသွားခြင်း။

အသံပေးမှ ထိုနေရာဘက်အာရုံရမိကာ...

"ဟုတ်''

ဒရိုင်ဘာတံခါးဖွင့်ပေးသည့်ကားပေါ် ရာဝင်ထိုင်လိုက်သည်။
ထို့နောက် ကားလေးသည် လမ်းမကြီးထက် လျှောခနဲအပြေးမောင်းထွက်သွားကာ...

"ဟင်!ကောင်းနိုးရာ''

ပါးစပ်ကတီးတိုးရေရွတ်ရင်း ခွန်သာ မျက်မှောင်တွန့်သွားရသည်။

ကျောပိုးအိတ်ပခုံးသိုင်းကြိုးစနှစ်ဖက်ကိုဆုပ်ကိုင်ရင်း ဒရိုင်ဘာတံခါးဖွင့်ပေးသည့်ကားပေါ်သို့တက်သွားသည့်ကောင်းနိုးရာ။

ကားက ကောင်းနိုးရာတို့အိမ်ကကားဖြစ်ကာ မျက်စိရှေ့လေးတင် ကားထဲကနေမြင်လိုက်ရသည်မို့ ခွန်သာ ထိုကားနောက်က အမြန်လိုက်လာခဲ့လိုက်သည်။

"အကိုလေး၊ နောက်မှာ ဆရာခွန်သာကားထင်တယ်''

ရှေ့ကဒရိုင်ဘာပြောလိုက်တော့ ရာ ကားထဲကနေ နောက်ကိုလှည့်ကြည့်မိသည်။

ဟုတ်ပါသည်။ ဆရာခွန်သာမိုးဇက်ရဲ့ကားအနက်ရောင်ဖြစ်ကာ သူတို့ကားနောက်ကလိုက်လာတာ တရိပ်ရိပ်။

"အိမ်ကိုပဲဆက်မောင်းပေးပါ''

ရာ ရှေ့ကိုဒရိုင်ဘာကိုပြောပြီးနောက် ကူရှင်မှာမှီကာ မျက်ဝန်းတွေခဏမှိတ်ထားလိုက်သည်။

ဆရာခွန်သာမိုးဇက် သူ့နောက်ကိုဘာလိုက်လုပ်ပါသနည်း။ နောက်ပြီး သူ့ကားပေါ်မှာ စောနကမြင်လိုက်ရသည့်အမျိုးသမီးရောပါလာသည်လား။

သန့်ရှင်းရေးပြီးလို့ ပြန်လာချိန်က ရာ ကျောင်းရှေ့ကိုအမြန်လျှောက်လာခဲ့တာဖြစ်သည်။ တနေ့က သူစောင့်နေသည်ကိုမသိရကောင်းလားဟုအပြစ်ရှာထားသည်မို့ ဒီနေ့လည်းစောင့်နေလိမ့်မလားတွေးမိပေမဲ့ မနက်ကထိုဆရာကို ရာလုပ်ထားသည့်အပြုအမူက သူ့သိက္ခာကိုတော်တော်ထိခိုက်သွားသည်မို့ ဒီနေ့လည်း ကိုယ့်ကိုစိတ်ရှည်ပြီးစောင့်နေပါ့မလား စိတ်ထဲသိပ်မသေချာခဲ့။

My Teacher is My Husband (Completed)Where stories live. Discover now