P~5 (U)

2.4K 138 6
                                    

စိတ်တိုဒေါသထွက်ခဲ့ရတဲ့ထိုညနေပြီးဆုံးသွားကတည်းက ရာ နေလို့ထိုင်လို့မကောင်းတော့ပါ။ စာသင်ချိန်တိုင်းမှာမျက်မှောင်ကြီးကျုံ့ပြီး သူ့ရဲ့ထွေပြားဝေဝါးနေတဲ့စိတ်ကြောင့် စာကိုဘယ်လိုမှအာရုံစိုက်လိုက်လို့မရ။

ထို့ကြောင့် နားချိန်ဘဲလ်သံမြည်တာနဲ့ ရာ ရှေ့မှာစာသင်နေတဲ့ဆရာကိုတောင်နှုတ်ဆက်မနေတော့ဘဲ အပြင်ထွက်လာခဲ့သည်။

စိုပြေလည်း ဆရာ့ကိုနှုတ်ဆက်ပြီးတာနဲ့ရာ့နောက်ကိုချက်ချင်းလိုက်ခဲ့လိုက်သည်။ ကျောင်းကန်တင်းက အအေးနဲ့ဟမ်ဘာဂါဝယ်ယူပြီး ထိုင်နေကျခုံကို ရာတို့လျှောက်လာကြသည်။

"ဟိုမှာ...''

စိုပြေလမ်းညွှန်ထိုးပြရာကိုကြည့်လိုက်တော့ သူ့ရဲ့ပါးချိုင့်လေး။

ဘယ်အချိန်ကြည့်ကြည့် သူမမျက်နှာလေးကပြုံးပျော်နေတာ...

စိတ်တွေထွေပြားနေတာနဲ့ သူမကိုမေ့နေခဲ့တာ...

"မတ်တပ်မေ့သွားတာလား''

သတိပေးသလိုနဲ့ စိုပြေကပခုံးချင်းတိုက်ပစ်လိုက်တော့ ရာ သတိဝင်လာသည်။ စိုပြေကိုပြန်လှည့်ကြည့်ပြီး သူ့ရဲ့ပါးချိုင့်လေးကိုပြန်ကြည့်လိုက်တော့ သူငယ်ချင်းတွေနဲ့စကားပြောပြီးလှည့်လာတဲ့သူမနဲ့အကြည့်ချင်းဆုံသည်။

"ဟာ ကြည့်နေပြီ ဟျောင့်''

နှစ်ယောက်လုံး သူမတို့အဖွဲ့ကိုကြည့်နေတာမို့ သူမနဲ့အကြည့်ချင်းဆုံတာကို စိုပြေလည်းသိသည်။ ခဏပဲဖြစ်ပြီး သူမက ရှက်ရွံ့တကြီး သူမသူငယ်ချင်းတွေဘက်ပြန်လှည့်သွားသည်။

ရာလည်း ကပျာကယာပဲအကြည့်လွှဲလိုက်တော့ ဘယ်အချိန်ကကြည့်နေမှန်းမသိတဲ့ဆရာခွန်သာမိုးဇက်ရဲ့စူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေနဲ့အကြည့်ချင်းစုံမိသည်။

"ငါ လစ်ပြီ..ရာ''

မြင်လိုက်တာနဲ့ စိုပြေက အတန်ငယ်လှမ်းတဲ့နေရာကဆရာခွန်သာမိုးဇက်ကို ခေါင်းညွှတ်နှုတ်ဆက်ပြီး ထွက်ပြေးသွားသည်။ ရာက မမြင်ချင်ယောင်ဆောင်ပြီး စိုပြေနောက်ကိုဆက်လိုက်သွားဖို့ပြင်လိုက်သည်။

My Teacher is My Husband (Completed)Where stories live. Discover now