P~4 (U)

2.4K 167 4
                                    

"မင်းအတွက်..''

အနက်ရောင်ကတ္တီပါအရှည်ဘူးကို လှမ်းပေးရင်း ကောင်းနိုးရာရင်ထဲက ဘယ်လိုမှစိတ်မကောင်း။ ငယ်ငယ်ကတည်းကရင်းနှီးလာတဲ့သူငယ်ချင်းတွေမို့ သံယောဇဉ်ကြီးမားတာလည်းဖြစ်နိုင်သလို သွားတူလာတူလည်းဖြစ်ခဲ့သည်။

"ဘာလို့ အဲ့လောက်တန်ဖိုးကြီးတာပေးတာလဲ...ဘာမှမပေးလည်း မဖြစ်တဲ့ဟာ...တသက်လုံးမတွေ့ကြရတော့မဲ့လူတွေကျနေတာပဲ''

ဗူးလေးကိုဖွင့်ကြည့်ကာ ဝေလင်းဟန်ကပြောသည်။ 

"ဘာလဲ...မကြိုက်ဘူးလား၊ မကြိုက်ရင်ပြန်ပေး''

ကောင်းနိုးရာ စနောက်ကာ ဝေလင်းဟန်ဆီက ဗူးလေးကို ပြန်ယူတော့ ဝေလင်းဟန်က အတင်းပြန်ဆွဲသည်။

"စတာပါကွာ...ငါက မင်းပေးတာကို အမှတ်တရသိမ်းထားမှာပါ''

"သိမ်းထားဖို့ပေးတာမဟုတ်ဘူးနော်...လည်ပင်းမှာဆွဲဖို့ပေးတာ''

"အေးပါကွာ မင်းကလည်း''

ဝေလင်းဟန်က ဆွဲကြိုးcrazy မို့ သူကြိုက်တတ်တဲ့ ဆွဲကြိုးပုံစံကို ကောင်းနိးရာရွေးဝယ်ကာ လက်ဆောင်ပေးခဲ့သည်။ တကယ်ဆို ဒီနေ့ညနေကျောင်းဆင်းမှ ကောင်းနိုးရာတို့သူငယ်ချင်းလေးယောက် ဝေလင်းဟန်နှင့်နှုတ်ဆက်ပွဲလေးလုပ်ဖို့စဉ်းစားထားပေမဲ့ ဝေလင်းဟန်တို့မိသားစုက ဒီနေ့မနက်ပဲ ပြောင်းတော့မှာမို့ ကျောင်းပျက်ထားသည့်ကောင်းနိုးရာနှင့်သာ တွေ့ရလေသည်။

"ကျန်းမာရေးဂရုစိုက်ကွာ...မကြာခဏလည်းဖုန်းပြောကြတာပေါ့''

"အင်း..''

"တီ...တီ''

"ရာ.. ခြံရှေ့မှာ ကားတစ်စီး...''

ကောင်းနိုးရာရော ဝေလင်းဟန်ပါ ခြံရှေ့ကကားကိုကြည့်လိုက်စဉ် ခြံတံခါးဖွင့်ပေးသည်နှင့် ကားလေးက အိမ်ရှေ့ဆင်ဝင်အောက်ထိုးရပ်သွားသည်။ ကောင်းနိုးရာတို့က ခြံထဲမှာပဲထိုင်နေတာမို့ ကားပေါ်က ဆင်းလာတဲ့ဆရာခွန်သာမိုးဇက်က သူတို့ကိုတချက်လှမ်းကြည့်ကာ အိမ်ထဲကိုဝင်သွားသည်ကို မြင်လိုက်ရသည်။

"ရာ...ဆရာခွန်သာမိုးဇက်မလား ၊ ဘာလုပ်အောင်လာတာလဲ''

ရာ ဝေလင်းဟန်မေးတာကို မသိချင်ယောင်ဆောင်လိုက်ကာ..

My Teacher is My Husband (Completed)Where stories live. Discover now