"ဘာလို့ဖုန်းမကိုင်တာလဲ
နေမကောင်းနေလို့လား
တစ်ခုခုဖြစ်နေလို့လား"

ဆိုပြီး တန်းမေးမိသွားသည်။

"ခင်ဗျာ
ဘာမှမဖြစ်ပါဘူး
ထမင်းသွားစားနေလို့
ဖုန်းက အခန်းထဲမှာ ကျန်ခဲ့တာမို့"

သမိုင်းဆီက ထိုစကားကြားမှပဲ ခုဏက ရင်ဝစို့တက်နေသည့် အလုံးကြီးကျသွားတော့သည်။

"တော်သေးတာပေါ့"

"ဘာလို့ ဖုန်းတွေ အာ့လောက်ခေါ်ထားတာလဲ"

"လွမ်းလို့လေ
ဒီနေ့သမိုင်းမျက်နှာလေးမှ မမြင်ရတာ
အဲ့တော့ အသံလေးတော့ ကြားချင်တာပေါ့"

သူအဲ့လိုပြောလိုက်တော့ သမိုင်းဖက်က အသံတိတ်သွားသည်။ ဒီကောင်လေးက အမြဲဒီအတိုင်းပဲ။ ချစ်တယ်၊ လွမ်းတယ်ပြောရင် ဘယ်တော့မှာ စကားပြန်က မလာတော့ဘူး။ ငြင်းဆန်တာလည်းမဟုတ်ပေမယ့် သဘောတူမျိုးလည်းဖြစ်မနေ။

"ဒီနေ့ဘာဟင်းနဲ့စားခဲ့တာလဲ"

သူစကားလမ်းကြောင်းလွှဲပြီးမေးလိုက်သည်။ မဟုတ်ရင် ဒီတေမိမင်းသားလေး ဆီက အသံလေးတောင်ကြားရမှာ မဟုတ်ဘူးလေ။

"ချဉ်ရေဟင်းနဲ့ ဘဲဥချက်"

"ဟင်
ဒါပဲလား"

"အင်းလေ
ဘာလို့လဲ"

"ဟင်းမှ မကောင်းတာ
သမိုင်း စားနိုင်ရဲ့လား"

"ကျွန်တော်က ဘာလို့မစားနိုင်ရမှာလဲ"

သမိုင်းအမေးကြောင့် ဒီတစ်ခါ စကားပျောက်သွားရသူက သူပင်။ အင်းလေ ဟုတ်သားပဲ။ သမိုင်းက ဘာလို့မစားနိုင်ရမှာလဲ။

"အင်း ဟုတ်ပါပြီ
မနက်ဖြန်မနက်ကျရင် ဘာစားချင်လဲ
ကိုယ်ဘာလာပို့ပေးရမလဲ"

"တော်ပြီ
လာမပို့ပါနဲ့"

"ဘာလဲ အားနာလို့လား"

"မဟုတ်ပါဘူး
မုန့်တွေကျန်သေးလို့ပါ"

"အင်းပါ အဲ့ဒါဆိုလည်း ဟုတ်ပါပြီ"

"ဒါဆို ကျွန်တော် စာကြည့်တော့မယ်"

"အင်း
နားနားပြီးကြည့်နော်
စာကြည့်ပြီးရင် ပြောဦးနော်"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now