"မဝယ်နိုင်ဘူးထင်ရတဲ့သူတွေကို မေးမနေနဲ့ ဝေယံ"

ငင့်။ ဒါက ဘာအထာလဲ။ အနော်ရထာလား။ သပ်သပ်မဲ့ သူမကို ရန်စလိုက်တာပေါ့။ ကြိုက်ပီလေ။

"မောင်လေးရေ
အသက် 18လောက် ကောင်လေးတွေ အတွက်ဆို ဘယ်လိုမျိုးလေးတွေနဲ့လိုက်လောက်လဲ"

ဝေယံဆိုသည့် ဝန်ထမ်းလေးယူလာပြသည်တို့ကို ကြည့်ရင်း

"အင်း
ဒါလေးဆိုရင်တော့ သမိုင်းနဲ့လိုက်မှာပဲ"

ထိုကောင်လေး မကြားကြားအောင် တမင် သသ နာမည်ကို ထည့်ပြောတာလိုက်သည်။ သမိုင်းနာမည်ကိုကြားလိုက်တော့ ပိုပြီးလှုပ်လှုပ်ရွရွဖြစ်လာသလိုပဲ။

"သမိုင်းကို သိလား
သားတို့ဘေးဆိုင်က Forever green မှာ လုပ်တယ်လေ"

"သြော် ကိုသမိုင်းသစ် အတွက်လား"

"ဟုတ်တယ်
သူ့အတွက်
သူနဲ့လိုက်တာလေးတွေ ကူရွေးပေးပါဦး
အဟင်းဟင်း"
တမင် လုပ်သံပါအောင် ရယ်ပေးရသေးသည်။ အမြင်ကပ်အောင်လို့လေ။ အထက်အောက် နှစ်စုံဝယ်လိုက်သည်။ ပိုက်ဆံရှင်းရင်း တစ်ယောက်တည်းရေရွတ်သလိုနှင့်
"အင်း ဒီတစ်ပတ် သမိုင်းကျောင်းပိတ်မှပဲ အိမ်ခေါ်ပြီးပေးရတော့မယ်" ဟုဆိုပြီး ဟိုကောင်လေးမကြားကြားအောင်ပြောရသေး၏။   သူမပြောတာကိုကြားပြီး  ပြူးပြဲနေအောင်မော့ကြည့်လာသည့်အခါ ပခုံးလေးတွန့်ပြပေးလိုက်သည်။ ဆိုင်ထဲကနေ အထုတ်လေးကို မြောက်ကြွကြွကိုင်ပြီး ထွက်လာခဲ့သည်။ ဒီလောက် ကလိလိုက်ရရင် ဒီနေ့အတွက်  လုံလောက်ပြီ။ အဟစ်ဟစ်။

.....................................................................................,.

တိမ်မိုးဝေ တစ်ယောက် နေမထိ ထိုင်မသာဖြစ်နေသည်။ စိမ်းရောင်စို ဆိုသည့် တစ်ယောက်က ဒီတစ်ပတ်ပိတ်ရက်ကျရင် သမိုင်းကို အိမ်ခေါ်တွေ့မည်ဟု ပြောသွားသည်လေ။ အဝတ်အစားပေးချင်ရုံသပ်သပ်ဆို အိမ်ထိခေါ်စရာလိုလို့လား။ ဒီအတိုင်း အပြင်မှာပေးလိုက်ရတာကို။ အိမ်ကိုခေါ်သည်ဆိုကတည်းက မရိုးသားတာ ရှိလို့ပဲ။ သမိုင်းလိုက်သွားလို့မဖြစ်ဘူး။ သမိုင်း မလိုက်သွားအောင် ဘယ်လိုလုပ်ရင်ရမလဲ။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now