"ဆိုပေးလိုက်ပါ သသရယ်
ဒီအမူးကောင် ရစ်တာ မခံနိုင်လို့ပါ"

ဆိုပြီး အတင်း တိုက်တွန်းလို့ သူပါဆိုဖြစ်သွားသည်။ အမှန်က တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ၉ ရက် ဆိုတဲ့ သီချင်း ကိုဆိုခဲ့ရမှာ။ ဘာလို့လဲဆိုတော့ အဲ့နေ့က အဖြစ်ကို  တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ကိုတိမ်က တွေ့သွားတာဖြစ်သည်။

ဆိုင်ကိုရောက်ကတည်းက သူ့နောက် လိုက်လာပြီး တတွတ်တွတ်မေးတော့သည်။

" သမိုင်း
စနေညက ဘယ်သွားတာလဲ"

" အင်း
နေ့ခင်းကတော့ ဘယ်မှမသွားပါဘူး"

"မဟုတ်ဘူး
ညပိုင်း"

အဲ့ကတည်းက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် စကားမမှားအောင် သတိအနေအထားနှင့် ဖြေနေရသည်။

"သြော်
ဘား တစ်ခုတော့ ခဏရောက်လိုက်သေးတယ်"

မထူးဆန်းသလိုလုပ်ဖြေလိုက်သည်။ အလုပ်ရှုပ်နေသယောင် ဆိုင်ထဲက ပစ္စည်းတွေကို လိုက်ဖုန်ခါနေလိုက်သည်။ ဒါလည်းမရ။

"ဘယ်သူတွေနဲ့ သွားတာလဲ"

"မိတ်ဆွေ တစ်ချို့နဲ့ပါ"

"မိတ်ဆွေဟုတ်လို့လား
အဲ့နေ့က ကိုယ်တွေ့လိုက်တာ မင်းထက် အသက်ကြီးတဲ့ မိန်းကလေးတွေကြီးပဲ
တစ်ယောက်နဲ့ဆို သီချင်းတောင် တွဲဆိုလိုက်သေးတယ်"

မဲ့ရွဲ့ပြီးပြောနေတာ။ ကိုတိမ် သေချာမြင်ထားတာဖြစ်မည်။ ဘယ်လိုဖြေရမလဲတွေးရင်း ချွေးတောင်ပြန်ချင်လာသည်။

"မိတ်ဆွေဟုတ်ပါတယ်"

"အသက်လည်း မတူပဲ ဘယ်လို မိတ်ဆွေမျိုးလဲ"

"သြော်
တစ်ယောက်က ကျွန်တော်တို့ တောင်ငူကပဲလေ
ဒါ့ကြောင့် ခင်တာပါ
ကျန်တာက အဲ့အမ သူငယ်ချင်းတွေပါ"

"အဲ့ တစ်ယောက်နဲ့က ကျန်တာ ပတ်သတ်တာရှိလား"

"မရှိပါဘူး
တမြို့တည်းသားချင်းမို့ ခင်တာပါ"

အဲ့လိုဖြေပေမယ့်လည်း မယုံသလို အထက်ပါအတိုင်း စစ်ဆေးနေတာဖြစ်သည်။ လွယ်ကူမနေဘူး။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedOnde as histórias ganham vida. Descobre agora