"အဲ့ဒါကို စဉ်းစားနေတာ
Fbက celeအတွဲတစ်တွဲကို အင်တာဗျုးမလို့ပဲ
ရှင်တို့သိတယ်မလား
ဒယ်နီရယ်တို့အတွဲလေ
နှစ်ယောက်စလုံးက မော်ဒယ်တွေ
ဒါပေမယ့် သူတို့တောင်းတဲ့ ကြေးက နည်းနည်းများလို့
ငါကအဲ့အမောင့်ထိမသုံးချင်လို့စဉ်းစားနေတာ"

စိုစိုက ဝင်ပြောသည်။ ထိုအခါ သူဇာက မရဲတရဲ လက်လေးထောင်ပြီးတော့

"ဟို reality couple ကဏ္ဍကဘာလဲမသိဘူး" ဟုထမေးသည်။ ထိုအခါ ဝတီက

"reality coupleဆိုတာ အပြင်လက်တွေ့လောက တကယ့် BL စုံတွဲတွေကို အင်တာဗျုးတာ
သူတို့အချစ်ရေးကနေအစပြုပြီး လက်ရှိအခြေအနေတွေကိုပေါ့
အရင်လကတော့ ပရိသတ်စိတ်ဝင်စားလာအောင် ဟန်လင်းနဲ့ မေဦးတို့ အတွဲကို အင်တာဗျုးခဲ့တယ်လေ
မဖတ်ဘူးလား"

ဟုရှင်းပြသည်။ သူဇာက

"ဟုတ်
အကုန်မဖတ်ရသေးဘူး
တောင်းပန်ပါတယ်"

"ရပါတယ်
ဒါပေမယ့် ကိုယ့် မဂ္ဂဇင်းမှာ ဘယ်ကဏ္ဍတွေပါလဲဆိုတာတော့ အကုန်သိထားရမယ်
နေ့ခင်းကျရင် အကုန်ဖတ်ထားပါ"

ကြေးမှုံက သတိပေးတာမမည်သည့် စကားကိုဆိုသည်။ ဆက်ပြိး

"အဲ့ဒါဆို နောက်ထပ် နင်စဉ်းစားထားတဲ့အတွဲရှိလား" ဆိုပြီး စိုစို့ဖက်လှည့်ကာမေးလိုက်သည်။

"အင်း
စဉ်းစားထားတာတော့ရှိတယ်
ငါ့မိတ်ဆွေ အတွဲ
ခက်တာက သူတို့က မိတ်ဆွေအရင်းတွေက လွဲရင် relationship ကို ချပြမထားဘူး
Low profileနဲ့နေတာဆိုတော့ လက်ခံပါ့မလားမသိဘူး
ဒါပေမယ့် ဆက်သွယ်ပြီး အကူအညီတောင်းကြည့်မယ်
မရတော့ တစ်ခါထပ်စဉ်းစားတာပေါ့"

"ကောင်းပြီလေ
နင်ဒီနေ့အဲ့ဒါကို အပြီးသတ် ရအောင်လုပ်"

"အေး"

"The true conquer ရဲ့Menga teamအခြေအနေကရောဘယ်လိုလဲ"

"ကောင်းပါတယ်
အရင်လကတည်းက ratingကောင်းထားတာဆိုတော့ ဒီလလည်းသူတို့အစွမ်းကုန်ကြိုးစားနေတယ် pageမှာ တင်မယ့် တစ်မျက်နှာစာကို editလုပ်နေတယ်။
ဒီတစ်ပတ်အတွင်းရမယ်ပြောတယ်"

သူမတို့ forever green မဂ္ဂဇင်းမှာ ဆိုရင် လစဉ် menga များကို ဖော်ပြသည့် menga columလည်းရှိသည်။ တစ်ချို့ mengaတွေကတော့ ကိုရီးယားနှင့် ဂျပန် mengaများကို မူရင်းစာအုပ်တိုက်များမှဝယ်ယူပြီး ဘာသာပြန်ကာ ဖော်ပြခြင်းဖြစ်သည်။ အခု The True Conquerကကျတော့ မြန်မာစာရေးဆရာ Heather Bell က wattpadမှာရေးသားခဲ့သည့် အခန်းဆက်ဝတ္ထုရှည်ကို menga versionပြောင်းပြီးဖော်ပြခဲ့ခြင်းဖြစ်သည်။ wattpadမှာ တင်ကတည်းက လူကြိုက်များခဲ့သည့် ficဖြစ်သဖြင့် အခုmenga အနေနဲ့ဖော်ပြသည့်အခါမှာ အထူးစောင့်ကြည့်ကြသည်။သူတို့နှင်  အခုလက်တွဲအလုပ်လုပ်နေသည့် studio သည် လူငယ်တွေဖြစ်သည့်အပြင် လက်ရာများမှာလည်း အထူးသေသပ်ကောင်းမွန်သည့် ပရော်ဖက်ရှင်နယ်များဖြစ်ကြသည်။ မူလစာရေးဆရာမ၏ အသေးစိတ်ဖော်ပြချက်အတိုင်း ပရိသတ် မျှော်လင့်ထားသလောက် ဆွဲပေးနိုင်သဖြင့် ဒီ The true conquer menga အခန်းဆက်စထည့်ကတည်းက သူတို့ မဂ္ဂဇင်းလည်း အရောင်းတက်ရသည်။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now