"Forever Green" ဆိုသည့် စာလုံးတို့ကိုတွေ့ရသည်။ ထို့ပြင် R: 18ဆိုသည့် အနီရောင်စာလုံးတို့ကလည်း ထင်ထင်ရှားရှား ပါနေသေးသည်။

"စိမ်းရောင်စို
ငါက ဒီလထုတ် မဂ္ဂဇင်းက အခန်းဆက် ဝတ္ထုရှည်မှာ 18 +အခန်း တွေပါလို့ အသက်သတ်မှတ်ချက်နဲ့ ရောင်းပေးနေတဲ့အချိန်
နင်ကတော့ ကလေးတွေကို ဒီလို မှောင်ခိုရောင်းပေးနေတယ်
ဟုတ်လား"

"အသက်ဆိုတာ ကိန်းဂဏန်းလေးတစ်ခုပါပဲ mirrorရယ်"

"အေး ထောင်ဆိုတာလဲ အခန်းလေးတစ်ခုပဲဟဲ့ မိစိုစိုရဲ့"

စိမ်းရောင်စို ဆိုသော အစိုမသည် နားရွက်ကုပ်သွားသည်။ အသံထွက်မလာတော့။ mirrorဆိုသော တစ်ယောက်သည် တုန်တုန်ရင်ရင် ရပ်နေသော အမျိုးသမီးလေးနှစ်ယောက်ဆီ ပြန်လည်ဦးတည်လိုက်သည်။

"ညည်းတို့ကရော
အသက်မပြည့်သေးတာကို ဘာလို့ ဖတ်ချင်နေတာလဲ ဟမ်"

"ဟင့် လွန်လွန်းတယ်
သမီးတို့က မဂ္ဂဇင်းကိုလစဥ်ဝယ်ဖတ်နေတာကို
ဒီလကြမှ age rating ကြောင့်ဆိုပြီး ဝယ်ဖတ်မရတာ ဖြစ်သင့်လားလို့"

နှစ်ယောက်တည်းမှ တစ်ယောက်က ကတ်ကတ်လန်အောင်ပြန်ဖြေသည်။ ကျန်တစ်ယောက်မှလည်း

"ဟုတ်တယ်
ဒီမိုကရေစီခေတ်ကြီးတည်းမှာ
ဒါ သက်သက်မဲ့ လူတန်းစားခွဲခြားတာ" ဆိုပြီး လက်သီးလက်မောင်းတန်းက ပြန်ပြောသည်။

"တိတ်စမ်း
ဘာဒီမိုကရေစီလဲ
လူလေးတွေကဖြင့် လက်တောက်လောက်ကလေးတွေနဲ့
ညည်းတို့လိုအသက်မပြည့်သေးတဲ့သူတွေအတွက် သက်သက် editionနဲ့ ထုတ်ပေးထားတာပဲ
အဲ့ဒါဝယ်ဖတ်ပါလား"

"သမီးတို့က မီးနီဖြတ်နေကျပဲကိုလို့"

(A/N. မီးနီ - အသက်ကန့်သတ်ချက် warning များ)

"ငါ ပိတ်ထုလိုက်ရလို့
လာခဲ့ milk teaဝယ်တိုက်ခဲ့မယ်
ပြီးရင် ပြန်ကြ
editionထဲက နှစ်အုပ်ပို့ပေးလိုက်မယ်
18 +ဖတ်ချင်ရင် အသက် ၁၈ပြည့်မှ ပြန်ဖတ်
ဒါပဲ"

ထိုကလေးမနှစ်ယောက်သည် milk teaဆိုသော အသံကြားလိုက်ရသဖြင့် ပျော်ရွှင်မြူးတူးစွာဖြင့် ကျေနပ်သွားကြသည်။ ထိုသို့ သုံးဦးအခြေအတင်ဖြစ်နေသည်ကို အခွင်ကောင်းယူပြီး စိမ်းရောင်စိုသည် အသာလေးလစ်ထွက်ဖို့ကြံစည်လိုက်သည်။ ဒါပေမယ့် အင်မတန်မှ လျင်မြန်သော mirrorဆိုသူမှ အကျီမှ ဦးထုပ်ကိုလှမ်းဆွဲထားသဖြင့် ထွက်ပြေးဖို့အကြံအစည်သည် အထမမြောက်လိုက်ရ။

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWhere stories live. Discover now