Chapter -68

2K 83 1
                                    

ဘယ်လိုလုပ်ရမလဲ အတွေးများနေစဥ် ရုတ်ချဥ်းဆိုသလို ပတ်ဝန်းကျင်းက အမှောင်ကျသွားသည်မို့ ရွှေသွေး ထိတ်လန့်တုန်လှုပ်သွားရလေပြီ ။

တချို့က ဖုန်းရဲ့ မီးအလင်းရောင်လေးကို အသုံးပြုလို့ သွားလာလှုပ်ရှားဆဲ။

မျက်ရည်များက စီးကျလို့ လက်ဖျားများက အေးစက်တုန်ယင်လို့သာ...

' ကိုး...ကျွန်တော့်ကို မေ့သွားတာလား '

ရှိုက်သံကလေးများဖြင့် ထိုနေရာမှာ တွေတွေလေးရပ်နေဆဲ ။ လမ်းပျောက်နေသည့် ကလေးပမာ ငိုကြွေးလို့သာ အော်ဟစ်လိုက်ချင်ပြီ။

ဖျပ် ခနဲ အိုင်လ်ဖယ် တာဝါမှ အဝါရောင် မီးအလင်းရောင်ကလေးများက ဘလင်း ဘလင်းပေါ့

ထိုတာဝါမှ မီးကစားခြင်းကို လူအများကလည်း အော်ဟစ်ကာ ပျော်ရွှင်ကြည်းနူနေကြလေသည်။

ရွှေသွေး မျက်ရည်များကျမှ ထိုအဝါရောင် တလက်လက်မီးအရောင်များကို ငေးမောကြည့်လို့သာ....

သို့ရှေ့မှ လူအုပ်ကြီးက အသံကျယ်ကျယ်နဲ့ အော်ဟစ်သံများ၊ တစ်ခုခုကို အထူးအဆန်းအနေနဲ့  အံ့သြနေကြဟန်များ ၊ ထို လူအစုများကို ကြည့်ကာ ရွှေသွေးမှာ ကြောက်စိတ်ပင် ဘယ်စီဘယ်ဝယ်မသိတော့ပဲ သူတို့ ဘာကို မြင်နေလို့ အသဲအသန် အော်ဟစ်နေကြသနည်း...

ခြေလှမ်းများကလည်း တရွေ့ရွေ့ချင်း လှမ်းလျက် ၊  သူရှေ့မှ လူစုများကလည်း တဖြည်းဖြည်းချင်း ဘေးဘက်ကို ကပ်သွားကြလေပြီ ။

သူမြင်လိုက်ရသည့် ရှေ့ခပ်လှမ်းလှမ်းမှ မြင်ကွင်းများကြောင့် ရွှေသွေးခမျာ အသက်ရှူဖို့ပင် သတိမရနိုင်ပဲ ငေးမောမိသည်အထိ ။

အဝါရောင် မီးများရောင်ကလေးများက အရောင် တဖိတ်ဖိတ်နှင့် အိုင်လ်ဖလ်တာဝါကြီးက အရမ်းကို romantic ဆန်လွန်းလှသည်။ ထိုမီးပွင့်ကလေးများက ၅ဘီလီယီရောင် ရှိသတဲ့ ။

Iron Ladyလို့ တင်စားခေါ်ဝေါ်ကြသည့် ထိုမျှော်စင်ကြီးကို နောက်ခံထားလျက် အဝါရောင် နှင်းဆီပန်း အမြောက်မြားစွာကို အသည်းပုံသဏ္ဍာန်လေး ပြုလုပ်ထားပြီး ထိုအသည်းပုံ အလယ်မှာ အဝါရောင် စာသားကလေးများ

" Tripartite Love " Season 1 + 2Where stories live. Discover now