Chapter-38

3.1K 111 4
                                    

ဒီအပိုင်းလေးက ကျန်းမာရေး ပညာပေးအကြောင်းရာလေးတွေ များတယ်ရှင့်...

——————

မနက် မိုးသောက်အချိန်တွင်တော့ စုရပ်ဖြစ်သည့် ရွာလူကြီးဖြစ်သူ ဦးဖိုးလှရဲ့ အိမ်ရှေ့တလင်းပြင်တွင် 'ရွှေစည်သာ' ရွာအပါဝင် တခြားသော အင်းတပတ်က ရွာသူ ရွာသားများပါ ဒေါက်တာတို့ရဲ့ ကျန်းမာရေး အသိပညာပေးခြင်း ( health education )  အစီစဥ်ကို အားတက်သရော လာရောက်စုဝေးလို့ နေကြလေပြီ ။

ထိုလူများရဲ့ ရှေ့မလှမ်းမကမ်းမှ ခုံတန်းလျားများတွင် ဒေါက်တာတို့က လူစုံအောင်  ထိုင်စောင့်လို့နေရင်း စားပွဲဝိုင်းတွင် ပြင်ပေးထါးသည့် မနက်စာများကို အစာပြေ စားလို့နေကြသည်။

မြစ်ရိုးတလျှောက်က တောထဲမှ အသားမျိုးစုံလည်းရသေးဖြင့် ဆတ်သား ၊ တောဝက်သား ဂျီသားများ စတဲ့ ဟင်းပန်းကန်များက  စားပွဲပေါ်တွင် အစီအရီ....

မကေက တောဝက်သားဟင်းကို ရွှေသွေးပန်းကန်ထဲသို့ပါ ထည့်ပေးလေတော့
ဒေါက်တာက ဘာဟင်းမှ ထည့်မထားရသေးသော သူ၏ ထမင်းဖြူ အလွတ်ပန်းကန်လေးနဲ့ လဲလိုက်၏ ။

" ဘာလို့လဲဟင်....မကေ ဟင်းထည့်ပေးတါမကြိုက်လို့လား "

" မဟုတ်ဘူးမကေ ရွှေသွေးက ဟင်းအနှစ်တွေနဲ့ ထမင်းမစားတတ်လို့ "

" ဟယ် ဟုတ်လား အစ်မ မသိလို့နော်ကလေး "

" ရတယ်ဗျ "

ထိုအခါမှ မကေက စိတ်ဖြောင့်ဖြောင့်နှင့်သာ ထမင်းစားလို့နေချေပြီ ။

ဒေါက်တာက ဟင်းအနှစ်လေးများကပ်နေသည့် အသားဖက်လေးများကို သူ့ပန်းကန်တွင်လူးပြီးကာမှ ရွှေသွေးပန်းကန်ထဲသို့ ထည့်ပေးပြီးစားစေသည်။

" စား ကလေး.. ပြီးရင် ကိုယ်တို့ ဟောပြောပွဲလုပ်နေချိန် ဘယ်မှ လျှောက်မသွားရဘူး ဒီနားမှာပဲ ထိုင်နေနော် "

" ဟုတ် "

" လိမ်မ္မာလိုက်တာ ကိုယ့်ရဲ့ ရွှေသွေးလေးက "

ဆံပင်းကလေးများကို ထိုးဆွလို့ ချီးကျူးလို့နေသည်။

-"ဟဲ့ ကောင်မတို့ရေ ဟို ဂျူတီကုတ်နဲ့ ဆရာဝန်ဘေးက ကောင်လေးက ချစ်စရာကောင်းတာဟယ်"

" Tripartite Love " Season 1 + 2Tempat cerita menjadi hidup. Temukan sekarang