Chapter-29

2.7K 128 14
                                    


ရွှေသွေး ဘာအမှားတွေများ လုပ်ခဲ့မိလို့ ဒေါက်တာက ပြန်ပြီး ခါးခါးသီးသီးဖြစ်နေပြန်တာလဲ မစဥ်းစားနိုင်တော့ပဲ ခေါင်းငုံ့၍သာ ငိုနေမိတော့သည်။

ဒေါက်တာသာ ပွင့်လင်းစွာ ပြောလာရင် သူဖြေရှင်းချက်ပေးနိုင်မည်မဟုတ်လား အခုလို ဆက်ဆံခံနေရတာမှ ရွှေသွေးအတွက် နာကျင်ရတာအမှန်ပင်။

***********************************

ရွှေသွေး အိပ်ယာမှ နိုးလာသည်နှင့် သူ့နဘေးကို ကြည့်မိတော့ ဒေါက်တာက ရှိမနေပေ။

အချိန်အားဖြင့် မနက် ၈နာရီရှိနေပြီ ။ ဒေါက်တာက သည်ချိန် ဂျူတီ သွားသေးမှာ မဟုတ်ဘူးဟု တွေးရင်း အိပ်ယာမှ ထလိုက်၏ ။

ဧည့်ခန်းဆီ အကြည့်ရောက်မိတော့ အရိပ်ယောင်မတွေ့ရ ။ မီးဖိုခန်းဆီ ဝင်လာတော့လည်း ဒေါက်တာက ရှိမနေသည့်အပြင်
အရင်ကလို သူ့အတွက် မနက်စာ ပြင်ပေးထါးခြင်းမရှိပဲ ထမင်းစားပွဲက ဗလာကျင်းဖြစ်နေလေသည်။

သက်ပျင်း ခပ်ဖွဖွလေး ချလို့သာ မနက်စာပြင်ဆင်ရပေမည်။
ရွှေသွေး အချက်အပြုတ်နဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မကျွမ်းကျင်ပဲဟာ။

ရေခဲသေတ္တာကို ဖွင့်လို့ မျက်လုံးဝေ့ကစားရင်း Oatmeal အထုပ်လေးနှင့် နွားနို့ဗူးကလေးကို ယူပြီးနောက် ပုကန်းလုံးကလေးထဲ အချိုးကျ ရောစပ်လို့။

မနက်စာ စားနေရင်းမှ အားငယ် ဝမ်းနည်းစိတ်ကလေးက ဝင်လာမိပြန်သည်။ ဒေါက်တာက စိတ်အလိုမကျနေတဲ့အချိန်မို့ သူ့ကို လျစ်လျူရှုနေတာ နေမှာပါ ဆိုတဲ့ ဖြေတွေးလေး ရှာကြံတွေးနေရသည်။ သူမှ ဒေါက်တာကို အပြစ်မမြင်နိုင်ပဲ။

*************************************

ကုန်တိုက်တစ်ခုထဲသို့ ရွှေသွေးရောက်ရှိနေ၏ ။ ညနေကျ ဒေါက်တာ ပြန်လာရင်စားဖို့ သူပြင်ဆင်ပေးချင်သည်။

ဒေါက်တာ အကြိုက်လေးများကို ရွေးကာဝယ်လို့ပေါ့လေ

အိမ်ပြန်ရောက်သည်နှင့် Apron ကို ကျနစွာ ဝတ်လို့ ချက်ပြုတ်ခြင်း လုပ်ငန်းစလေတော့သည်။

ငါးကြိုက်တဲ့ ဒေါက်တာအတွက် ငါးကြော်ရပေမည်။ အပိုင်း ပိုင်း လှီးဖြတ်ထားသည့် ငါးကြင်း အပိုင်းများကို ရေစင်အောင် အထပ်ထပ်ဆေးပြီးနောက် သူဘာဆက်လုပ်ရမည်နည်း။

" Tripartite Love " Season 1 + 2Where stories live. Discover now