Chapter - 35

2.6K 123 16
                                    


ရွှေသွေး ဆေးရုံမှ ဆင်းရမည်ကြောင့် ဒေါက်တာ ရွှင်မြူးလို့နေသည်။
ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းနေရင်း မယ်မယ် ၊ မေလေးငယ်တို့နှင့်အတူ စကားပြောနေသော ကောင်လေးကို ခိုးခိုး
ကြည့်မိပြန်သည်။

ထိုစဥ် အခန်းတံခါးခေါက်သံနှင့်အတူ
ဝင်လာသည်က ဆရာထင် နှင့်အတူ ဆရာဝန်ပေါက်စလေးတစ်ဦးနှင့် ဆရာမ
တစ်ဦး ။

" ရွှေသွေး ဆေးရုံကဆင်းချင်ပြီလားကွ "

" ဟုတ်ကဲ့ "

" ခေါင်းမူးတာ ခေါင်းကိုက်တာ တစ်ခုခု နေမကောင်းတာမရှိတာ သေချာရဲ့လား "

" သေချာပါတယ်ဆရာ ကျွန်တော် နေကောင်းပါပြီ "

" ဒါဆိုလည်း ကိုသျှားရေ မင်းကလေးကို ဆေးရုံက ပေးဆင်းလိုက်တော့မယ်ကွာ "

" ရွှေသွေး..ကလေး ၊ ဆရာ့ကို ကျေးဇူးတင်ပါတယ်ပြောလိုက်လေ "

ဆရာ့ထင်ဘေးမှာ ရပ်နေသည့် ဒေါက်တာက လှမ်းပြောလေတော့ ရွှေသွေး
မျက်စောင်းကလေးထိုးကာ ကြည့်ပစ်လိုက်သည်ကို ဒေါက်တာ က သဘောကျကာ ရယ်ပါတော့သည်။

တကယ်ပါပဲ သူသင်မပေးလည်း ဒီကပြောမှာပဲကို လူကို ကလေးကျလို့..

" ဟုတ် ကျေးဇူးတင်ပါတယ် ဆရာ "

" ဟုတ်ပါပြီ...ဒါဆို အစ်ကို သွားမယ်နော်
ကိုသျှား "

ဆရာထင်တို့ ပြန်ထွက်သွားပြီးချိန်တော့...

" မယ်မယ်...ကျွန်တော် စံအိမ်တော်ကို ပြန်မှာနော် "

အားလုံး အံ့သြစွံ့အလို့သာ အကြည့်များက ဒေါက်တာဆီသို့...

ယုန်ပေါက်လေးဆီက ထွက်ကျလာသည့် စကားသံလေးကြောင့် ဒေါက်တာရင်ထဲ စူးခနဲ ။ ပစ္စည်းများကို သိမ်းဆဲလို့နေပေမယ့် ရင်ထဲ ဝမ်းနည်းရသည်မှာ.. တကယ်ပဲ သူ
နှင့် တစ်အိမ်ထဲ အတူမနေချင်သည့်အလား..

ဒေါ်စောမြတ်နန်းဆိုင်က ဒေါက်တာ မျက်နှာကို အကဲခတ်ရင်းနှင့်

" ဟို..သားရွှေသွေးရယ် စံအိမ်တော်ကို ပြန်လိုက်လို့မရဘူးလေ "

" ဘာလို့လဲ မယ်မယ် "

" သားနဲ့ ဒေါက်တာက လက်ထပ်ပြီးသားမို့ ဒေါက်တာနဲ့ လိုက်နေမှ သဘာဝကျလိမ့်မယ်ကွယ် "

" Tripartite Love " Season 1 + 2Where stories live. Discover now