Chapter -55

1.7K 110 7
                                    

ဒေါက်တာက လူနာကုတင်ရဲ့ ခေါင်းရင်းအနားတွင် ခပ်လျှောလျှောလေးမှီထားပြီး
သူ့ဘေးနား ထိုင်ကာ တရှုံ့ရှုံ့ရှိုက်ငိုနေသည့် ယုန်ပေါက်ကလေးအား ကြည့်လို့

" တော်ပြီလေ ကလေးရယ် ၊ ဘယ်အချိန်ထိ ငိုနေမှာလဲဟမ်... ပြောပါဦး ကိုယ့်ကို "

မျက်ရည်ကလေးများအား ဒေါက်တာက သုတ်ကာပေးရင်း အမေးစကား ဆိုလေ၏ ။
တကယ်ပဲ ရွှေသွေးနန်းဆိုင်တို့က မျက်ရည်တွေက ပေါလျှံနေတာ

" ကိုးမသိပါဘူး .....ကိုး ကို သွေးတွေ အများကြီးနဲ့ မြင်လိုက်ရချိန် ကျွန်တော်ရင်ထဲ ကမ္ဘာပျက်သွားသလိုပဲဗျ...အင့်.. "

" အခုဘာမှ မဖြစ်တော့ဘူးလေကွာ ၊ မငိုနဲ့တော့...တိတ် "

ဒေါက်တာ ဝမ်းဗိုက်ရဲ့ အောက်ခြေနားက ပတ်တီးဖြူလေးကို ကြည့်လို့သာ ငိုပြန်ပါပြီ။ ဒီကလေး တွေးတွေးပြီး ဝမ်းနည်းနေပုံပဲ ။

ဒေါက်တာက ရွှေသွေး ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လို့သာ

" ကိုယ့်ကလေးက ပြောစကားလဲ နားမထောင်တဲ့ တကယ့်အဆိုးလေးပါကွာ ၊ ပြောစမ်းပါဦး ရွှေသွေးနန်းဆိုင်တို့က ဘယ်ချိန်ကတည်းက လမ်းဘေးမှာ ရန်ဖြစ်တတ်သွားတာလဲ ဟင်...၊ "

" အခု ကိစ္စက ဟိုဘက်က အသားလွတ် ကျွန်တော့်ကို အရင်လာပြီး လက်သီးနဲ့ ထိုးတာဗျ "

ကောင်လေးရဲ့ နှုတ်ခမ်းထောက်နားမှ အညိုမဲ ဒဏ်ရာကလေးအား အသာဖွဖွထိကိုင်လို့

" အရမ်းနာနေလားဟင် ၊"

" ဟင့်အင်း..."

အခန်းတံခါးလေးခေါက်သံနဲ့အတူ ဝင်လာသူက ရှေ့နေသူရိန်မောင်...

" ဒေါက်တာ နေလို့ ကောင်းတယ်နော် "

" ကောင်းပါတယ် "

" ကိုသူရိန် ဟိုကောင်တွေရော မိလား"

"သုံးယောက်စလုံး အချုပ်ထဲ ထည့်ထားပါတယ် သခင်လေး "

" အာမခံနဲ့လည်း ထုတ်မပေးနဲ့ ကိုသူရိန်၊ ကျွန်တော် သူတို့ကို တရားစွဲပြီး သေချာပေါက် ထောင်ချပစ်မယ် "

" ကလေးရယ် ရန်ကိုရန်ခြင်း မတုန့်နှင်းချင်ပါနဲ့ကွာ... ကျေအေး ပေးလိုက်နော် သူတို့လေးတွေက ငယ်ရွယ်သူတွေဆိုတော့ "

" Tripartite Love " Season 1 + 2Where stories live. Discover now