Chapter -41

3K 105 4
                                    

' မင်းက ကိုယ့်ကို လန့်အောင် သိပ်လုပ်တာပဲကွာ '

ခြုံစောင်လေးကို သေချာခြုံပေးပြီးနောက်
နဖူး ပြင်ကလေးကို ဖွဖွနမ်းလို့နေသည်။
အိပ်ပျော်နေသည့် မျက်နှာကလေးကို တစိမ့်စိမ့်ငေးကြည့်လို့သာ

* ဘယ်ချိန်ကတည်း ချစ်မိသွားလည်းမသိပေမယ့် ကိုယ်သိလိုက်ရတဲ့အချိန်မှာ မင်းက မြစ်ပွားပင်ကလေးလို ကိုယ့်နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့ပြီ ။

ချစ်တာထက်ကို မြတ်နိုးရပါတယ်ဘယ်လောက်ထိ မြတ်နိုးရသလဲဆိုရင်လေ.. မင်းမျက်နှာလေးကို ကြည့်နေရင်းနဲ့ ဆုံးရှုံးသွားမှာကို ကြောက်မိသည်အထိ ။ *

ဒေါက်တာတစ်ယောက် ညစာ ပြင်ပြီးသည်နောက်တော့ ကောင်လေးကို နှိုးရလေပြီ ။
ညထိများ ဆက်အိပ်ဖို့ တွေးနေသလား ထိုကလေးက

" ရွှေသွေး....ထတော့ ၊ ကလေး..."

" အင်..."

" ထတော့လို့ မိုးတောင် ချုပ်တော့မယ် ထနော် ၊ အိပ်ချင်ရင် ထမင်းစားပြီးမှ ပြန်အိပ် "

" ဟင့်အင်း...ဆက်အိပ်လိုက်တော့မယ် ၊ မနက်မှ ထမင်းစားလဲ ရနေတာပဲ "

စောင် ခေါင်းမြီးခြုံလို့ တစ်ဖက်လှည့်ပြီး ပြန်အိပ်သွားပြန်သည်။ အစားထက် အအိပ်ပိုမက်နေတာ ၊ စောင်ကို ဆွဲဖယ်လိုက်ပြီးနောက်

" မရဘူးကွာ..အခုထ ရွှေသွေး ၊ "

" ဟာဗျာ... "

" မင်းမထရင် ကိုယ် ကလိယား ထိုးပြီး နှိုးမှာနော် "

" ဟာ...ကိုး..ကြောက်တယ် မလုပ်နဲ့ "

အလန့်တကြား ငုတ်တုတ် ထထိုင်ပြီး သူ့အား မျက်စောင်းထိုးပြီးကြည့်လေသော ကောင်လေးကို ကြည့်ကာ ဒေါက်တာ ပြုံးလို့နေသည်။

" အခုမှ ညနေ၅နာရီပဲရှိသေးတာ ဒေါက်တာက ပြန်လာတော့တာလား ဆေးရုံက "

" ကိုယ်က မင်းဆီကို ဖုန်းတွေ ခေါ်နေတာ.. မင်းက မကိုင်ဘူးလေ  တစ်ခုခု ဖြစ်နေတာလား စိတ်ပူပြီး စောပြန်လာလိုက်တာ "

ထိုအခါမှ အိပ်ယာဘေးမှ ဖုန်းကလေးကို ကောက်ယူပြီး ဖွင့်ကြည့်လေတော့ ခေါ်ထားသည့် အကြိမ်ရေမှ အများကြီး...ဒေါက်တာကို မော့ကြည့်လို့

" Tripartite Love " Season 1 + 2Tempat cerita menjadi hidup. Temukan sekarang