Chapter -17

4.4K 166 6
                                    

" ရွှေသွေး နိုးပြီလား "

" ဟုတ် "

Kitchen room ထဲသို့ ဝင်လာသည့် ရွှေသွေးကို မြင်သည်နှင့် အနားသို့ သွားကာ  လက်ကလေးနှင့် အဖျားစမ်းလို့နေသည်။

" ကိုယ်မပူတော့ဘူးပဲ ၊ ဒီမနက် ဆန်ပြုတ်ပဲသောက်အုံး ပြီးရင် ဆေးသောက်ရမယ် "

ပြောပြီး ရွှေသွေးအားစားပွဲမှာထိုင်စေသည်။
သူ့ရှေ့တွင်ရောက်လာသော အနံ့သင်းသင်း ကြက်သား ဆန်ပြုတ်ကလေး ။

ရွှေးသွေး ပြုံးရပြန်သည်။ ဒေါက်တာက သူ့ကို ဂရုစိုက်နေသလား ။

" သောက်လေ မကြိုက်လို့လား "

" ဗျာ..မဟုတ်ပါဘူး "

" ဒီမနက် ရုံးမသွားပဲနေပါလား ၊ မင်း တစ်ညလုံး ဖျားနေခဲ့တာ နေသိပ်ကောင်းသေးတာမဟုတ်ဘူး "

" ဒေါက်တာက မသွားစေချင်ရင်.."

စားပွဲပေါ်မှ ဒေါက်တာ ဟမ်းဖုန်းကလေးမြည်သံကြောင့် ရွှေသွေး ပြောလက်စ စကားပင် ရပ်တန့်လို့ နားစွင့်မိ၏ ။

ဒေါက်တာက ရွှေသွေးကို ဝေ့ကာတစ်ချက်ကြည့်လို့ " ပန်ပြောလေ" တဲ့ ။

ရွှေသွေး ရင်ထိတ်ရ၏ ။ တုန်ယင်စပြုလာ
သည့် လက်ကလေးများကြောင့် ဆန်ပြုတ်သောက်လက်စလေးကိုပင် ဆက်မသောက်နိုင်ချေ။

" သျှား ပန်က offရက်လေ ပြီးတော့ ဒီနေ့
ပန့်မွေးနေ့ သျှားမှတ်မိသေးလားဟင် "

" အော်...အင်း.. " တကယ်တော့ ဒေါက်တာ စိတ်ထဲတွင်မရှိတော့  မှတ်ထားရလောက်တဲ့ထိ သူတို့ရဲ့ သိကျွမ်းမှုက အဆုံးသတ်သွားခဲ့ပြီမဟုတ်လား ။

" ပန် ဘုရားသွားချင်လို့ သျှား လူနာ round ပြီးချိန် ခဏလောက် ပန့်ကို လိုက်ပို့ဖို့ အချိန်ပေးနိုင်လားဟင် "

" ဘုရားလား "

ပန်က ဒေါက်တာကို ဘုရားလိုက်ပို့ခိုင်းနေတာမဟုတ်ဘူးမလား ။ မျက်နှာချင်းဆိုင်က ဒေါက်တာကို မသိမသာ အကဲခတ်လေတော့ မျက်နှာအမူအရာက ပုံပန်အတိုင်းပင်။

" အင်း..ရပါတယ် ကိုယ် အားတဲ့အချိန် လာခေါ်လိုက်မယ် "

ပန်တစ်ယောက် သဘောတကျ ပြုံးမိတော့၏ ။
ထိုကောင်လေး ပန့်လက်ထဲက ဒေါက်တာကို လုယူသွားတာ တစ်လပြည့်သည့်နေပင်မဟုတ်လား ။

" Tripartite Love " Season 1 + 2Where stories live. Discover now