Chapter - 47

2.3K 101 5
                                    

" ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကမ္ဘာလေး စပြီး ပြိုတဲ့နေ့ ထင်ပါရဲ့ ကိုး ရာ ၊ ကျွန်တော်တို့ရဲ့ ဘယ်ခြေလှမ်းတွေက လမ်းအမှားကို ဦးတည်နေခဲ့တာလဲ ၊ ကျွန်တော်တို့ ထပ်ပြီး လွဲချော်ရဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က မိန်းမတစ်ယောက်နဲ့ အတူ..အတူအိပ်ခဲ့တာတဲ့ "

ပြောရင်း ရှိုက်ငိုနေသည်ကြောင့် ရင်ခွင်ထဲမှ ဆွဲခွာ၍ မျက်နှာချင်း ဆိုင်စေကာ ရွှေသွေးပါးပြင်ပေါ်မှ မျက်ရည်စများကို ဖယ်ရှားပေးလျက်

" ဟင့်အင်း..မဟုတ်တာ ကလေးရယ် ၊ မငိုနဲ့ ကိုယ်က ရွှေသွေးကို ယုံတာမလို့ မငိုနဲ့နော် ၊ ကိုယ့်ကို ကြည့် ကလေး ပြဿနာရှိရင် အဖြေဆိုတာ ရှိတယ် ကိုယ်ရအောင် အဖြေရှာမှာမို့ မငိုနဲ့နော် "

" ကျွန်တော် ကိုးနဲ့ မခွဲနိုင်ဘူးဗျာ  "

မငိုပါနဲ့ကလေးရယ်... မင်းမျက်ရည်တွေက ကိုယ့်ရင်ကို မီးစနဲ့ ထိုးနေသလိုပဲ ။ နာကျင်ရတယ် ကလေးရဲ့ ....။

" ကိုယ်ရအောင် ဖြေရှင်းမှာမို့ ကိုယ်နဲ့ အိမ်ပြန်လိုက်ခဲ့နော် ၊ ကိုယ်တို့အိမ် ပြန်ကြရအောင် "

' ကိုယ်တို့အိမ် ' တဲ့ အဲ့ဒီအိမ်လေးထဲ သူတို့နှစ်ယောက် ရှေ့လျှောက် အတူရှိနေနိုင်ပါ့မလား ။
ပြဿနာတွေ မဖြေးရှင်းနိုင်ခင်အထိ သူ ဒေါက်တာကို ဘယ်လို မျက်နှာချင်းဆိုင်ရမှာလဲ ။

" ကျွန်တော် ပြန်မလိုက်နိုင်ဘူး ကိုး ၊ စံအိမ်တော်မှာပဲ နေမယ် "

" ဘာလို့လဲ ရွှေသွေးရယ် ။ ဒီကိစ္စမှာ ကိုယ်က မင်းကို အပြည့်ဝ ယုံကြည်တာမို့ မင်းဘက်က လိပ်ပြာသန့်သန့်နဲ့ အားလုံး ကို ရင်ဆိုင်လို့ရတယ် ကလေး ၊ ပြန်လိုက်ခဲ့နော် "

သူရဲ့ လက်မောင်းသားနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် ဒေါက်တာလက်များကို ဖယ်ချလျက် ခေါင်းခါရမ်းလို့သာ

" အခုချိန် ကျွန်တော် တစ်ယောက်တည်းပဲ နေချင်တယ် ၊ ကိုးလည်း ခရီးပန်းလာတာ အိမ်ပြန်ပြီး နားလိုက်ပါ "

ဒေါက်တာ သက်ပြင်းချနေရသည်။ တကယ့်ပဲ အိမ်ကို ဘယ်လို ပြန်ခေါ်ရမလဲ မသိတော့ချေ ။

" Tripartite Love " Season 1 + 2Where stories live. Discover now