Chapter - 40

2.3K 97 12
                                    

ဒီလိုနဲ့ မနက်ဖြန်မနက်ဆိုရင် ဒေါက်တာတို့ 'ရွှေစည်သာ' ရွာကလေးမှ ပြန်ကြရတော့မည်။

အထုပ်ပိုးများကို စနစ်တကျ ထည့်နေရင်း သူ့ရှေ့မှာ တင်ပြင်ခွေထိုင်ပြီး
ငူငူငိုင်ငိုင်ဖြစ်နေသည့် ယုန်ပေါက်လေးအား အကဲခတ်လို့ နဖူးပေါ် လက်လှမ်းတင်ရင်း

" ရွှေသွေး....ကလေး နေမကောင်ဘူးလား"

" ကောင်းပါတယ် "

" မင်းကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ "

ဟုတ်တယ် တစ်ခုခုဖြစ်နေတာ ။ မနေ့က
ဦးဇင်းရဲ့ သူ့အတွက် ဟောကိန်းက တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို ဟောကိန်း ထုတ်ခဲ့သည်မဟုတ်လား ။
သူ့စိတ်အာရုံတစ်ခုလုံးကို ထိုဟောကိန်းကသာ စိုးမိုးထားဆဲ။

" ဟေး..ကြားလား ကိုယ်ပြောနေတာ "

" ဟင်! ..ဘာ...ဘာပြောလိုက်တာလဲဗျ "

" ကျစ်..ကိုယ့်မျက်လုံးကို သေချာကြည့် ၊ ပြီးရင် မင်း စိတ်ထဲ ဘာတွေ ခံစားနေရသလဲဆိုတာ ပြောပြ "

အကြည့်စုံလေတော့ ဝမ်းနည်းစိတ်ကသာ နေရာယူလျက် ။ တကယ်ပဲ အမှန်တိုင်းပြောရမလား ။ မျက်လုံးကို သေချာကြည့်လို့ နှုတ်ထွက် မုသားစကားသာ....။

" ကျွန်တော် ဒီရွာလေးကို သံယောဇဥ်ရှိလို့ ပြန်ရမှာ ဝမ်းနည်းသလိုမို့ "

" ဘာများလဲလို့ကွာ... ။ ကိုယ်တို့လို နိုင်ငံ့ဝန်ထမ်းတွေဆိုတာ ဒီလိုမျိုးပဲ ရွှေသွေးရဲ့ တနေရာနဲ့ တနေရာ ခဏသဘောမျိုးသာ နေထိုင်ရတာမျိုးပဲ ။ ခံစားချက်ကို ဦးစားပေးလို့မရဘူးလေ ။ ဒါ့ကြောင့် စိတ်မကောင်း မဖြစ်နဲ့နော် နောက်ကျလည်း ဒီဒေသလေးကို ပြန်လာရမယ့် အကြောင်းတရားတွေလည်း ရှိချင် ရှိလာမှာ ကလေးရဲ့ ကိုယ်ပြောတာ နားလည်းလား "

" ဟုတ် "

" ကြည့်...ကြည့် ငို တော့မှာလား မင်း မျက်နှာက "

" ကိုး.."

" ပြောလေ ကလေးရဲ့ "

" ဗေဒင်တွေ ၊ ရှေ့ဖြစ် ဟောတာတွေ ယုံလားဟင် "

" ဟွန်.... ။ ဟင့်အင်း ကိုယ်ကတော့ အယုံကြည်မရှိဘူး ။  "

" ဘာလို့ အယုံကြည်မရှိတာလဲ "

" Tripartite Love " Season 1 + 2Where stories live. Discover now