Chapter -32

2.9K 145 8
                                    

အချစ်ကလေးတို့ရေ Season 2 တင်ပေးရင်း delete မိလို့ ဒီမှာပဲ ဆက်ပြီးတင်ပေးတော့မယ်နော်😔

—————————————

" ကိုကိုရာ ရွှေသွေးဘာမှ မဖြစ်လောက်ဘူးမို့လား "

မျက်ရည်ရွှဲလည်းဖြင့် lover seat မှာထိုင်ရင်း စိတ်ပူနေရှာသည့် သားထက်။

" သိပ်လဲ စိတ်မပူပါနဲ့ ဘာမှမဖြစ်လောက်ပါဘူးကွာ "

သားထက်ကိုသာ နှစ်သိမ့်ပေးနေရပေမယ့် သက်ဦးမောင်လည်း စိုးရိမ်စိတ်ကရှိလို့နေ၏ ။

" အဲ့ဒီကောင် မကောင်းဘူး ကိုကိုရာ ညနေက ကျွန်တော်ကို ဘာပြောတယ် မှတ်လဲ သူတစ်ခုခုဖြစ်ရင် မငိုပါနဲ့တဲ့... နောက်ဘဝကျရင်လည်း ကျွန်တော်နဲ့ သူငယ်ချင်း ဖြစ်ချင်တယ်တဲ့လေ....ဒီလိုသာ ဖြစ်မယ်မှန်းသိရင် အိမ်ကို ပြန်မလွှတ်ပါဘူးကိုကိုရာ "

ယူကျုံးမရသည့်စကားများနှင့် ပြောကာနေသည့်သားထက်လေးပင် ။
ရွှေသွေးအပေါ် သည်ကောင်လေး ဘယ်လောက်သံယောဇဥ်ရှိလဲ သက်ဦးမောင်သိတာပေါ့ ။

ကားလေးကို အရှိန်ဖြင့် ထိုးရပ်လို့ သက်ဦးက သားထက်လက်ကိုဆွဲကာ ဆေးရုံထဲသို့ ဝင်လာခဲ့ကြ၏ ။

Operation Room အပြင်ဘက်မှာ ရောက်ယက်ခက်နေသည့် ဒေါက်တာကို မြင်ရလေတော့ သက်ဦး ဒေါသများက ထိန်းမနိုင်တော့ချေ ။

သားထက်လက်ကို လွှတ်လိုက်ပြီး ပြေးမတက်ခြေလှမ်းတို့ဖြင့် ...

" သက်ဦး.."

ခွပ်!..

ဒေါက်တာ့ပါးပြင်ပေါ်သို့ ကျရောက်လာ
သည့် သက်ဦးမောင် လက်သီးချက်ကြောင့် အနောက်သို့ ဟန်ချက်ပျက်သွားရသည်။

ကိုကို!

သားထက်မှာ သက်ဦးကို ထိန်းထားရ၏ ။

" မင်းကို ငါမပြောခဲ့ဘူးလား ခွေးကောင်ရ.. ပြဿနာတစ်ခုကို ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရှင်းလို့ ငါမပြောခဲ့ဘူးလား..ဒီလိုတွေ ဖြစ်လာမှာဆိုးလို့ကွ.. တောက်"

" ငါမှားခဲ့ပါတယ် သက်ဦးရာ.. ငါ...ငါမကောင်းတဲ့ ကောင်ပါကွာ ၊ မင်းမကျေနပ်ရင် ငါ့ကို ထပ်ပြီးထိုးစမ်းပါ..ငါလိုကောင်ကို မင်းအပြစ်ပေးစမ်းပါ.. "

" Tripartite Love " Season 1 + 2Tempat cerita menjadi hidup. Temukan sekarang