Chapter - 60

2.9K 131 8
                                    

" မင်း ကို ဆုံးရှုံးလိုက်ရချိန်က ကိုယ်မှာ
စိတ်ဖြေစရာ ဘာမှ မရှိခဲ့ဘူး... ၊ ကိုယ် ဒီဆေးခန်းလေးကို လာတိုင်း ' ရွှေသွေး 'ဆိုတဲ့ နာမည်လေးကပဲ ကိုယ့်ရင်ကို ငြိမ်းအေးစေခဲ့တာ မင်းက အဲ့လို နည်းလေးနဲ့ ကိုယ့်စိတ်လေးကို ကာကွယ်ပေးခဲ့တာပဲ "

နာကျင်လာသော ဝဲဘက်ရင်အုံလေးနဲ့အတူ ဒေါက်တာနဲ့ အကြည့်လွှဲလိုက်တော့ ဒေါက်တာက သဘောပေါက်စွာပဲ စကားလမ်းကြောင်းလွှဲကာ 

" မိုးရွာတော့မယ် ထင်တယ် ကိုယ်တို့ ဆေးခန်းပိတ်ကြစို့...အပြန်စျေးဝင်ဝယ်ရအောင် ကိုယ် ညစာ ချက်ပေးမယ်နော် "

Lover seatတွင် ဝင်ထိုင်တော့ ဒေါက်တာက အရင်ကလိုပဲ သူ့အား seat belt တပ်ပေးတော့ နီးကပ်ကပ်အနေထားမှာ ရင်ဘက်က တဒိတိဒိတ်ခုန်လာရ၏ ။

ကားလေးက တငြိမ့်ငြိမ့်ပါပဲ ရွေ့လျားလို့ပေါ့ မကြာလိုက်ပါ ကုန်တိုက်တစ်ခုသို့ ရောက်ရှိလာပြီ ။

ဒေါက်တာက ကားပေါ်မှ အရင်ဆင်းလို့  ကားတံခါးလေး အပြေးလာဖွင့်ပေးပြန်တော့ ပြုံးရပြန်ပြီ အရင်ကလိုပဲ သူ့အပေါ် ဒေါက်တာရဲ့ ဂရုစိုက်မှုက တစိုးတစိမျှ လျော့သွားခြင်းမှမရှိပဲဟာ။

လူအများရဲ့ အာရုံစိုက်မှုက သူ့တို့နှစ်ဦးဆီမှာဆိုတဲ့ အသိလေး ဝင်လေတော့ ဒေါက်တာ့လက်ထဲမှ သူ့လက်ကလေးကို အသာရုန်းလို့နေဆဲ...

ဘာဖြစ်တာလဲဆိုပြီ မေးငေါ့ပြကာ ပတ်ဝန်းကျင်ကို ကြည့်လို့ သဘောပေါက်သွားသည်မို့ သူ့လက်အား ကျစ်နေအောင် ပြန်ဆွဲပြန်၏ ။

' သူ့ကလေးကတော့ လူမြင်ကွင်းမှာ မဟုတ်တာလုပ်နေတာမှမဟုတ်ပဲ '

လူအများကြားဆို  ပျောက်သွားမှာဆိုးသည့်အလား ဒေါက်တာက ယုန်ပေါက်လေးလက်အား ကျစ်နေအောင်ဆွဲတတ်စမြဲ ။ အတိကျပြောရရင် ဆပ်ကပ်ပွဲမှာ သူ ခဏပျောက်သွားခြင်းကနေ စတာပဲ ။

ပစ္စည်းတင် တွန်းလှည်းလေးပေါ်  လိုအပ်သည်မှန်သမျှကို ဝယ်ခြမ်းတော့ရွှေသွေးကပါ လိုအပ်လား မလိုအပ်လား မသိ မြင်သမျှ  တွန်းလှည်းလေးထဲ ထည့်ပြန်တော့လည်း ဒေါက်တာက ဒါကမလိုအပ်ဘူးဆိုတဲ့ အပိုစကားလေး တစ်ခွန်းတောင် မဟပါပဲ  သူ့အား ပြုံးပြနေပုံက ကလေးတစ်ယောက်အား လုပ်ချင်ရာလုပ်ဆိုပြီး အလိုလိုက်နေသည့်နှယ် ။

" Tripartite Love " Season 1 + 2Where stories live. Discover now