Chapter -4

3.7K 164 4
                                    

ကျလာသည့် မျက်ရည်စများကို မသုတ်ပဲ
နန်းရွှေဆိုင် ဆိုသည့် စံအိမ်တော်အား ငေးလို့သာကြည့်နေမိသည်။

ခဏအကြာတွင် သားထက်ရဲ့ ကားလေး
ထိုးရပ်လာတော့သည်။ lover seat မှာဝင်ထိုင်ရင်း ကားပြတင်းမှန်မှတဆင့်
ရောက်တက်ရာရာငေးကြည့်နေ၏ ။

" မင်းရဲ့ ပါးက ဘယ်လိုဖြစ်ရတာလဲ ၊
ကိုသျှားသိရင်တော့ စိတ်မကောင်း ဖြစ်တော့မှာပဲ "

"........"

ရဲတွတ်ပြီး လက်ချောင်းရာများ ထင်းနေသည်မို့ မနေနိုင်စွာ မေးမိသည်။
သည်ကောင်က သားထက်လို အသားညိုသူမဟုတ်ပဲ ပိုးဟပ်ဖြူလေးလို့မို့ တစ်ခုခုထိခိုက်မိရင် ဒဏ်ရာက ထင်းကနဲပဲ ။

ကားပေါ်မှဆင်းကာ မန်းလေးကျုံး၏
ခုံတန်းတစ်နေရာသို့ ရွှေသွေးနှင့် သားထက် ထိုင်လိုက်ကြသည်။

" မင်းသိလား ရွှေသွေး အခု မင်းခံစားနေရတာတွေက အစပဲရှိသေးတယ်ဆိုတာ ၊ "

သားထက် စကားရဲ့ အဓိပ္ပါယ်ကို ရွှေသွေး ကောင်းကောင်းကြီး သဘောပေါက်ပါ၏ ။

" မင်းရော ငါ့ကို ရွံလား ၊ ငါက အားလုံးကို စိတ်ဆင်းရဲစေတဲ့ ဂြိုလ်ကောင်ဖြစ်နေပြီ "

" ဟက်.. ဘာစကားလည်းကွာ ၊ မင်းဘာမင်း ဘာကောင်ကြီး ဖြစ်ဖြစ် ငါ့သူငယ်ချင်းဆိုတာ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး "

ရွှေသွေး ငိုသည်။ သူ့မျက်နှာ သူ လက်နှစ်ဖက်နှင့် အုပ်၍ ပုခုံးများ လှုပ်ကာနေသည်အထိ ရှိုက်၍ ငိုနေသည်။ 

ဝမ်းနည်းသည်။ ရင်ဘက်တစ်ခုလုံး ပူလောင် မွန်းကြပ်သည်အထိ ခံစားရသည်။ တကယ်အဆုံးမှာတော့ သူ့ဘေးမှာ ရပ်တည်​ပေးမယ့်
ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့အတွေးက သူ့ကို ရူးသွပ်သွားစေနိုင်လောက်အောင်အထိ လုံလောက်သည်။

" ငါရှိတယ် ၊ မင်းဘေးနား ငါရှိတယ်
ရွှေသွေး။ တလောကလုံး မင်းဘက်မရှိလည်း ငါက မင်းဘက်ကပဲကွ ၊ ပြီးတော့ ဂုဏ်ယူတယ် မင်းအပိုင်သိမ်းသွားနိုင်တာ ငါ့အစ်ကိုဆိုပေမယ့်  ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံး သဘောကျ ခဲ့ရတဲ့ ကိုယ့်
အချစ်ဦး ကို မင်းက အရယူနိုင်တာပဲကွ   "

" Tripartite Love " Season 1 + 2Where stories live. Discover now