Chapter-39

3.5K 130 11
                                    

ဒေါက်တာတို့အဖွဲ့ အင်းတပတ်တွင် volunteer များ စုဖွဲ့၍ သင်တန်းများ ပို့ချပေးလို့နေသည်။

မနက်ကတည်းက ယုန်ပေါက်လေးကို ပင်ပန်းမှာစိုးသဖြင့် အိမ်တွင် ထားခဲ့ရပေမယ့် ဒေါက်တာ နဲနဲမှစိတ်မချချေ ထို့ကြောင့်သာ တနေ့တာ တာဝန်ပြီးစီးလေတော့ အိမ်ကိုသာ သုတ်ချေတင်ရလေပြီ ။

အရိပ်အာဝါသမရှိသည့် နေပူပြင်းနေသော အိမ်သာ ရှေ့တွင် ရပ်နေသော တီရှပ်အဝါ လက်တိုနှင့် ပုဆိုး အနက်ကွက်စိပ်ကလေးကို သန့်ပြန့်စွာ ဝတ်ဆင်ထားသည့် ထိုကောင်လေးကို မြင်လိုက်ရသည်နှင့်

" ရွှေသွေး..ဘာရပ်လုပ်နေတာလဲ နေက ပူပူနဲ့ကွာ"

" ဒေါက်တာ ! "

" အင်း...လာ အထဲ သွားရအောင် "

လက်ကလေးကို ဆုပ်ကိုင်တော့ အေးစက်လို့နေသည်။ နဖူး ပြင်ကလေးမှာလည်း ချွေးစတချို့နှင့် ကတုန်ကယင်နှင့် သည်ကလေး ဘာဖြစ်နေသလဲ ...

" ဟို..ကျွန်တော် အိမ်သာတက်ချင်လို့ "

" ဟင်... ဒါဆိုလည်း တက်လေ ကလေးရဲ့ ဘာလို့ ရပ်နေရတာတုန်း "

ချွေးစတချို့ကို လက်ဖနှောင့် အသာသုတ်ပေးရင်း မေးလေတော့

" ဒီ..ဒီ အိမ်သာကို မတက်တတ်ဘူး ကိုး "

" ဘာ  ! ဘယ်လိုရွှေသွေး ၊ ဒါဆို အရင်ရက်တွေက မင်း အိမ်သာမတက်ဘူးလား "

ရှက်စိတ်ကြောင့် မျက်နှာတပြင်လုံး ရဲဆွေးလို့နေသည်။ သို့ပေမယ့် မရှက်နိုင်တော့ ခေါင်းသာ ညိမ့်ပြရလေပြီ ။

ဒေါက်တာက သက်ပျင်း ချလို့သာ...

" ရွှေသွေးရယ် အိမ်သာ က သန့်ရှင်းပါတယ်  တက်ကြည့်နော် "

" ဟင့်အင်း ကျွန်တော် မထိုင်တတ်ဘူးလို့ဆို "

အပေါက်ဖွင့်ထား သည့် အိမ်သာကို ကြည့်၍ သာ ငိုချင်လာသည်။ တကယ် သူ မနက်ကတည်းက တက်လိုက် ဆင်းလိုက် လုပ်ကြည့် ပြီးပြီမဟုတ်လား ။

" ဒီ အင်းတပတ်က ဒီလို အိမ်သာတွေပဲရှိတာ ရွှေသွေးရဲ့ မဟုတ်ရင် ချုံတိုးမလား "

" အာ..ကိုး..."

မတတ်သာသည့်အဆုံး ဒေါက်တာက
ရွာလူကြီး ဦးဖိုးလှ ရဲ့သာ အကူညီ​တောင်းရပေမည် ။

" Tripartite Love " Season 1 + 2Hikayelerin yaşadığı yer. Şimdi keşfedin