Chapter- 1

16.7K 310 3
                                    

Intro

#Tripartite Love or သုံးပွင့်ဆိုင်သောအချစ်

ဒေါက်တာသျှားညိုမင်းသွင် က​လေးအထူးကုဆရာဝန်ကြီး ( Child Specialist )
နှင့် တစ်ပွင့်ပန် ဆိုသည့် အမျိုးသမီး
လက်ထပ်မည့်စဲစဲတွင်မှ 
နန်းရွှေဆိုင်စံအိမ်တော်ရဲ့ သခင်လေးဖြစ်သူ ရွေသွေးနန်းဆိုင်က ဒေါက်တာကိုအပိုင်
သိမ်းယူလိုက်ခြင်းကနေ ဇာတ်အိမ်တည်ထားပါတယ်။

-----------------------------------------------------------------

ယနေ့ တရားဝင်အကြင်လင်မယားအဖြစ် တရားရုံးမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးခဲ့ကြသော သျှားညိုမင်းသွင်နှင့် ရွှေသွေးနန်းဆိုင်ဆိုသည့် အမျိုးသားနှစ်ဦး၏ မျက်နှာမှာ ပျော်ရွှင်မှုများက ဆိတ်သုဥ်းလျက် ။

တိတ်ဆိတ်နေသော အခန်းငယ်ထဲတွင်
Aircon ရဲ့ အားကိုးဖြင့် အေးစက်ခြင်းကပါ ထပ်ဖြည့်လို့နေပေမယ့် ထိုလူနှစ်ဦး၏
ရင်ဘက်ထဲမှ အပူတွေကိုတော့ ငြိမ်းအေးခြင်းကား မတက်နိုင်ပေ။

" ဒါ ဘယ်ကိုလဲ ဒေါက်တာ.."

ဂျူတီကုတ်ကို ယူကာ အခန်းပြင်ဘက်သို့
ဦးတည်၍ လှမ်းနေသည့် ဒေါက်တာရဲ့ ခြေလှမ်းတို့က တုန့်ခနဲရပ်သွားလေ
သည်။

မေးသည့်လေသံက မမာပေမယ့်
ဒေါက်တာကတော့ မေးရိုးများတင်းနေအောင် အံကြိတ်မိ၏။

ရှေ့တွင် လာရပ်သော ဖြူဖြူသွယ်သွယ် အရိပ်ကလေးတစ်ခု ပြီးတော့ ဒေါက်တာကို အရည်ရွန်းလဲ့နေသည့် မျက်လုံးဝိုင်းလေးနှင့် အသနားခံကာ ကြည့်နေသော အကြည့် ။

မုန်းသည် သူသွားမည့် လမ်းတွင် လာရပ်နေသော ထိုလူသားလေးကို သေအောင်မုန်းနေမိသည်။ အကြည့်စူးစူးဖြင့် ပြန်ကြည့်တော့ ဒေါက်တာရဲ့ အကြည့်ဒဏ်ကို မခံနိုင်စွာ ခေါင်းငုံ့သွားသည့် ကောင်လေးငယ်။

" ဒီနေ့တော့ ဆေးရုံကို မသွားပါနဲ့လားဗျာ "

" မင်းက ငါ့ကို အမိန့်လာပေးနေတာလား ဟမ် ၊မင်းလိုကောင်က  "

" မဟုတ်ရပါဘူး ၊ ဒီနေ့က ဒေါက်တာနဲ့ ကျွန်တော်ရဲ့ မင်္ဂလာ "

" မင်းသောက်ပါးစပ်ကို ပိတ်ထား ရွှေသွေး ၊ မင်းမျက်နှာကို မြင်ရတာ ငါ တော်တော် ပူလောင်တယ် အဲ့ဒါမင်းသိလား ၊ မင်းဖြစ်စေချင်သလို ငါက တရားဝင် မင်းယောကျာ်း ဖြစ်သွားပြီပဲ ၊ မင်းကို ငါတာဝန်ယူပြီးပြီပဲ
။ ထပ်ပြီး ငါ့ဆီက ဘာမှ မျှော်လင့်မနေနဲ့ ၊ ငါ့ဆီက မင်းကို ထပ်ပြီး ပေးနိုင်တာ မုန်းတာအပြင် ဘာမှမရှိဘူး ။

" Tripartite Love " Season 1 + 2Where stories live. Discover now