Chapter - 61

1.5K 85 6
                                    

" ကိုး!"

" ပြောလေ ကလေး "

ပြေးနေရင်း သူ့အား ပြုံးလို့ ကြည့်လာသည်။ အဲ့ဒီပါးချိုင့်တွေက သူ့အပိုင်...

" ကျွန်တော် ချစ်တယ် ၊ ကျွန်တော် ကိုးကို ချစ်တယ်လို့ !"

ရင်ထဲ လှိုက်ဖိုမှုများနှင့် အသံတို့က ပျော်ရွှင်မှုများရောစွက်လို့ တုန်ယင်နေမှာ အသေချာပါပဲ ။

ဒေါက်တာသျှားညိုမင်းသွင်နဲ့သာဆိုရင်လေ ကမ္ဘာအပြင်ဘက်ထိ မမောပန်းပဲ ပြေးနိုင်ပါ၏ ။

ဒေါက်တာက ပြေးနေရင်း မျက်နှာကို ကောင်းကင်ပေါ် မော့လို့ သဘောတကျ အသံထွက် ရယ်လိုက်မိသည်။

" ဟား..ဟားး.."

' သူ့ကလေးက သူ့ကို ချစ်တယ်တဲ့'

ပြီးနောက် ရွှေသွေးလက်ကလေးကို ဆုပ်ကိုင်ထားရာမှ ထပ်မံ၍ကျစ်နေအောင် ဆုပ်ကိုင်မြဲ ။

ရွှေသွေး သိပါသည်။ ဒေါက်တာက သူ့အား ဆုံးရှုံးရမှာ ကြောက်တဲ့အချိန်တိုင်း လက်ကို ကျစ်နေအောင် ဆုပ်ကိုင်တတ်တယ်မဟုတ်လား....

media တွေ နဲ့ ဝေးသတဲ့ ဝေးစွာ ပြေးလာပြီသည်နောက် နှစ်ဦးသား ကိုယ်ရှိန်သတ်လို့ ရပ်တန့်လိုက်ကြသည်။

ရွှေသွေးမှာ နှလုံးခုန်နှုန်းတွေက မြန်နေသလို လူက တုန်ယင်လှိုက်မောဆဲ ဒူးနှစ်ဖက်ပေါ်လက်တင်၍ အမောဖြေလို့နေရသည်။

ဘေးနားမှ ဒေါက်တာက ယုန်ပေါက်လေး အား ပြုံးပြီးကြည့်ကာ နဖူးက ချွေးစများကို အသာယာသုတ်ပေးလျက်...

ရွှေသွေးက သူ့နဖူးပေါ်က ဒေါက်တာ့လက်ကလေးကိုဆွဲယူလို့ သူ့ပါးပြင်လေးဆီ ဖိကပ်ထားလိုက်သည်။

ဒေါက်တာက ရီဝေစွါ စိုက်ကြည့်လို့ တဖြည်းဖြည်းချင်း ရွှေသွေး အနားတိုးကပ်ကာ လက်တဖက်က ခါးလေးအား အနောက်မှ သိမ်းဖက်လို့

ပြွတ်စ်! ...

နှုတ်ခမ်းဖူးလေးကို ထွေးငုံလို့ တရှိုက်
မက်မက်နှင့်  နမ်းရှိုက်လေတော့သည်။
ရွှေသွေး မရုန်းမိပါပဲ သူပါ အနမ်းတွေကြား စီးမျောလို့ပေါ့ ။

သတင်းထောက်များက သူတို့ရှေ့မှ ဒေါက်တာတို့ရဲ့ ထိုမြင်ကွင်းလေးကြောင့်ခြေလှမ်းတွေက ဆက်မတိုးသာပဲ တုံ့ခနဲ ရပ်သွားကြရသည်။

" Tripartite Love " Season 1 + 2Where stories live. Discover now