Chapter -3

3.7K 158 0
                                    

ဒေါက်တာ အိမ်ကို ပြန်ရောက်သည်နှင့် အခန်းထဲ ဝင်ပြီး ရေချိုးဖို့ပြင်ရသည်။
ဆေးရုံမှာ 24 hour နေခဲ့သည်မို့ လူက
မလန်းပေ။

အဝတ်စားများချွတ်နေစဥ် ရေချိုးခန်းတံခါး ဖွင့်သံကြောင့် လှည့်ကြည့်မိတော့ ရေဝတ်လဲ အရောင်ခပ်မိန်မိန် ပုဆိုးလေးနဲ့ အပေါ်ပိုင်းဗလာကျင်းကိုမှ တပတ်ကလေး ပုခုံးပေါ်တင်ရင်း ရေစိုနေသည့်ခေါင်းကို အသာယာသုတ်နေပုံ ။

အမြဲပုဆိုးပဲ ဝတ်တတ်သည့် သည်ကောင်လေးက တကယ့် အဘိုးကြီးပေါက်စ ။
အခုခေတ် အဘိုးအိုတွေတောင် သူ့လောက်အဘိုးဖြစ်မည်ဟုတ် ။

ရေစက်ကလေးတွေက ကောင်လေးရဲ့
ရင်ဘက်မှ ချပ်ကပ်နေတဲ့ဗိုက်သားလေးတွေအထိ တွဲခိုနေတာမြင်တော့ ချက်ချင်း
အကြည့်လွှဲမိသည်။

သူ့အနားကပ်လာတော့ ရေချိုးဆပ်ပြာအနံ့လေးက သင်းပျံ့လို့ ။ လက်ချောင်းလေးများ ကဗီရိုထဲမှ အဝတ်စားကို ဆွဲထုတ်ယူရင်း သူ့မျက်နှာအား မကြာခဏဆိုသလို ကြည့်သည်ကို သတိထားမိသောကြောင့် လိုတာထက်ပိုပြီး မျက်မှောင်ကြုတ်ကာ မျက်နှာတည်ထားမိသည်။

" ကျွန်တော် စံအိမ်တော်ကို ခဏပြန်မလို့ "

မရဲတရဲလေး ခွင့်တောင်းသလိုပြောလာသောစကားပေမယ့် ဒေါက်တာက သောက်ဖက်မလုပ်မိ။

" ဟို ခဏပါပဲ မယ်မယ်ကြီးက နေမကောင်းဘူးဆိုလို့ သတင်းမေးသွားရုံပါပဲ "

" ခဏပဲ သွားသွား  တစ်သက်လုံးပြန်မလာပဲနေနေ မင်းကြိုက်တာလုပ် ငါ့ကို ဘာမှ လာပြောပြနေစရာမလိုဘူး "

" အိမ်ထောင် ဦးစီးတစ်ယောက်အနေနဲ့ အသိပေးခြင်းပါ "

ဒေါက်တာ ဟွန့်ကနဲ မျက်နှာမဲ့ပြရင်း ရေချိုးတပက်ကို ယူကာ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။

****

မန္တလေးမြို့၏ စိတ်ငြိမ်ရပ်ကွက်တစ်ခုမှာရှိသည့် ခမ်းနားထည်ဝါလွန်းလှသည့်
" နန်းရွှေဆိုင်"ဆိုသည့် စံအိမ်တော်ရဲ့ ခြံရှေ့ရောက်တော့ ချက်ချင်းဆိုသလို ခြံတံကားလာဖွင့်ပေးသောကြောင့် ကားလေးကို ညင်သာစွာ မောင်းနှင်လာခဲ့သည်။

" Tripartite Love " Season 1 + 2Kde žijí příběhy. Začni objevovat