Chapter -46

1.5K 87 6
                                    


" ကိုင်ပါ ကလေးရယ်... မင်းဘာတွေ လုပ်နေလို့ ကိုယ့်ဖုန်းကို မကိုင်တာလဲ "

မကိုင်မှန်းသိပေမယ့် ဒေါက်တာ ရွှေသွေး ဖုန်းလေးကို ဆက်တိုက် ခေါ်လို့နေဆဲ။
ရင်ထဲမှာ ပူလောင်မွှန်းကြပ်မှုများကလည်း တိုးဝင်လျက်...

" မင်း ဖုန်း မကိုင်ရင် ကိုယ် စိတ်ပူတယ်လို့ ပြောထားရက်နဲ့ကွာ "

အကြိမ် ရာနှင့် ချီနေပြီလား ။ မတတ်နိုင်
သည့်အဆုံးတွင် စံအိမ်တော်ရဲ့ ဖုန်းကိုသာဆက်ရလေပြီ ။

" ဟဲလို.."

" ဟဲလို.. မယ်မယ် ကျွန်တော်ကိုသျှားပါ ရွှေသွေး စံအိမ်တော်မှာ ရှိလားဗျ ၊ ဖုန်းတွေခေါ်နေတာမကိုင်လို့ "

" အခုပဲ ဦးကြီးမောင်ကို ပြောနေတာ
ရွှေသွေး ပြန်မလာသေးလို့ "

" သူ...သူက ဘယ်သွားလို့လဲ ၊ ဘယ်သူနဲ့သွားတာလဲ ဘယ်အချိန်ကတည်းကလဲ "

တရက်ဆက် မေးနေပုံထောက် ဒေါက်တာ အရမ်း စိတ်ပူနေတာ သိသာလှ၏ ။

" ဒေါက်တာရဲ့ ညီလေး လာခေါ်သွားတာ ညနေကတည်းက ၊ ခဏပဲဆိုပြီး ဘယ်သွားမှာလဲ မမေးမိလိုက်ဘူးကွယ် "

" ကျစ်... စံအိမ်တော်က အစောင့်တွေလိုက်မသွားဘူးလား "

" ရွှေသွေးကသူ့နောက်ကို အခြွေအရံတွေပါ မကြိုက်ဘူးလေ ဒေါက်တာရယ်"

" အခုချက်ချင်း လူလွှတ်ပြီး ရှာခိုင်းပေးပါ အိမ်ပြန်ရောက်ရင်လည်း ကျွန်တော့်ကို ဖုန်းဆက်ပေးပါဦး "

ချသွားတဲ့ ဖုန်းသံအဆုံး ဒေါ်စောမြတ်နန်းဆိုင် စိတ်ပူပမ်စွာ စံအိမ်တော်မှ လူယုံများကို နေရာအနှံ့ လိုက်ရှာခိုင်းရတော့သည်။

သားထက်ဖုန်းကလည်း စက်ပိတ်ထားသည်ကြောင့် ဒေါက်တာ ဒေါသများနှင့်သာ

' တောက်! ဟာကွာ..ဒီသောက်ကလေးနှစ်ကောင်က ငါဒီလောက် အတန်တန် မှာနေရဲ့ကြားက ။ '

" သက်ဦး မင်း သားထက်တို့နဲ့ အတူရှိနေတာလား "

" မဟုတ်ဘူး ကိုသျှား သားထက်ဖုန်းကို ငါညနေကတည်းကခေါ်နေတာ မရဘူး ငါ့ကို စိတ်ဆိုးနေတာ အဲ့ကလေးက "

" Tripartite Love " Season 1 + 2Where stories live. Discover now