Chapter-66

1.2K 65 2
                                    

" ဟေး... မငိုရဘူးလေ... ကိုယ်က ချစ်လို့စတာ စိတ်ဆိုးစရာလားကွ "

" မ စနဲ့ ..အင့် "

" ဟုတ်ပြီ... ဟုတ်ပြီ...ကိုယ်မစတော့ဘူး မငိုနဲ့ လာ ဟိုရှေ့နား ဓာတ်ပုံ ရိုက်ပေးမယ် "

ခေါင်းလေးကို ပွတ်သပ်လို့ အငိုတိတ်စေရန် ချော့ပြောရပြန်သည်။ အငိုတိတ်သွားမှာ လက်လေးကို အသာဆွဲလို့ ခေါ်သွားရ၏ ။

' စတွေ့ပါပြီဆိုကတည်းက ရွှေသွေးနန်းဆိုင်တို့က မျက်ရည်လွယ်တာ အခုထိပဲ '

ပဲရစ်မြို့ကြီးကို Eiffel Tower ရဲ့ ဒုတိယအထပ်ကနေ ကြည့်ရသည်မှာ တကယ့်ကို အံ့အားသင့်မှုများနှင့်အတူ လှရက်သောပဲ ။
ပျော်ရွှင်ခြင်းပါ ဖြည့်စွက်ပေးနိုင်တာ ဘေးနားမှာ ချစ်ရသော ဒေါက်တာ ပါရှိနေခြင်းကြောင့်ပင် ။

အချိန်တော်ကြာသည်အထိ ကြည့်ရှုပြီးသည်နောက်တော့

" ကျွန်တော် ဗိုက်ဆာနေပြီ ကိုး "

" ဟုတ်လား ဘာစားချင်လဲ... ကိုယ့် ကို စားမလား "

နားနားလေး ကပ်တိုးလေးပြောလာသော စကားဆိုပေမယ့် ဒီလူက အရှက်ပိုပြန်ရော

" ကိုး! "

" ကိုယ်နားထောင်နေတယ်လေ "

" မစနဲ့ဗျ တကယ် ဗိုက်ဆာနေတာ "

" ကိုယ်မစဘူး တကယ်ဆာနေရင် ကိုယ့်ကို စားလေ ၊ မဟုတ်လဲ ကိုယ်ကစားပေးရမလား...မင်းကိုလေ "

ပါးလေးနှစ်ဖက်ပါ ခပ်ရဲရဲဖြစ်နေသည့် ထိုကောင်လေးကို ဒေါက်တာတစ်ယောက် အတည်ပေါက်နှင့် စနေခြင်းပင်။

ဘာလို့မှန်းမသိ အခုနောက်ပိုင်းတွေမှာ ရွှေသွေးကို ကလေးတစ်ယောက်လိုသာ မြင်လို့နေသည်။

" ကျွန်တော် တကယ်ကို စိတ်တိုလာပြီ "

" ဟောဗျာ... ဒီမှာ ကိုင်ကြည့် မင်းကြိုက်တဲ့ ပေါင်မုန့်တွေလိုပဲ "

ရွှေသွေးရဲ့ လက်ချောင်းသွယ်လေးများကို ဆုပ်ကိုင်လို့ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားများကို ထိကိုင်စေသည်။

တကယ်ကို အမြှောင်းလိုက် အဖုထစ် six pack များကို ထိတွေ့ရသည်နှင့် လက်ဖျားများက အေးစက်လာတော့ လက်ကို ဇွတ်ရုန်းလိုက်ရသည်။

" Tripartite Love " Season 1 + 2Where stories live. Discover now