Chapter -64

2.4K 106 2
                                    

" ကျွန်တော် ကိုး ကို စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ် "

" အိပ်တော့ ရွှေသွေး ၊ နောက်ဆို ကိုယ့်ကို လန့်အောင် မလုပ်နဲ့ "

" ဟုတ် "

ဒေါက်တာ ရင်ဘက်လေးနား မျက်နှာ အပ်လို့ မသိမသာ ဝဲဘက်ရင်အုံလေးကို အနမ်းခြွေရင်း အိပ်စက်လိုက်တော့သည်။

————————————————

ဆေးသားရောင်လွင်နေသည့် အုတ်ဂူအဖြူလေး...

' တစ်ပွင့်ပန်
အသက် - 34နှစ် ' ဆိုတဲ့ စာသားလေးကို ဒေါက်တာ စိတ်မကောင်းစွာ ငေးကြည့်လို့သာ...

" ဒေါက်တာ ရောက်နေတာလား "

အနောက်ဘက်မှ အသံကြောင့် လှည့်ကြည့်တော့ ' သျှိုင်းထွဋ် '
မြန်မာပြည်ကို ပြန်ရောက်နေသလား...

" မပန်ကတော့  သူ့ကို တခုတ်တရနဲ့ လာတွေ့တာကိုသာ တမလွန်ကနေ မြင်ရင် အရမ်း ပျော်နေမှာထင်တယ် "

" အင်း...."

" ကျွန်တော်တို့ မောင်နှစ်မ နှစ်ယောက်စလုံးက အချစ်ကံခေပါရဲ့ဗျာ ၊ ကိုယ်တစ်ဖက်သက်သဘောကျရသူတွေမှာ ဆိုင်သူတွေနဲ့တဲ့ "

သျှိုင်းထွဋ်ရဲ့ မချိတင်ကဲ ရေရွတ်သံလေးက အစ်မဖြစ်သူကို နှမြောတသဖြစ်နေသလိုမျိုးနှင်။

" ပန်သာ ရွှေသွေးကို ကားနဲ့ တိုက်ဖို့ မကြံရွယ်ခဲ့ရင် အခုလို အဖြစ်ဆိုးမျိူးနဲ့ ကြုံရမှာမဟုတ်ဘူး သျှိုင်းထွဋ် ၊ ဒါပေမယ့် ပန် ကြူးလွန်ခဲ့တဲ့ အပြစ်တွေ အကုန်လုံးကို ငါခွင့်လွှတ်တယ်ပေးပါတယ် "

သျှိုင်းထွဋ်ပုခုံးကို နှစ်သိမ့်သလိုလေးပုတ်ကာ ပန့်အုတ်ဂူမှ လှည့်ထွက်ခဲ့တော့သည်။

" ဆိုင့်ကို ဘဝတစ်လျှောက်လုံး ပျော်ရွှင်အောင် ထားပါ့မယ်ဆိုတဲ့ကတိပေးနိုင်လား ဒေါက်တာ "

ဒေါက်တာ ခြေလှမ်းတို့က နောက်ပြန်လှည့်လို့ သျှိုင်းထွဋ်ကို လေးနက်စွာကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည်။

" ရွှေသွေးကို ငါ့ဘဝနဲ့ ရင်းပြီး ချစ်ပေးမှာမို့ သူမပျော်ရွှင်မှာကို စိတ်မပူပါနဲ့... "

" Tripartite Love " Season 1 + 2Where stories live. Discover now