Chapter -14

3.2K 130 2
                                    

" ဟင်! မတစ်ပွင့်ပန် "

ဒါတိုက်ဆိုင်မှုဆိုရင် ရွှေသွေးအတွက်တော့ တကယ့် ပြဿဒါးနေ့ပင်ဖြစ်လိမ့်မည်။

" ဟွန့် ငါ့မြင်တာနဲ့ တုန်လှုပ်ခြောက်ခြားနေလိုက်တာ "

ရွှေသွေး ပြန်မဖြေပဲ ခေါင်းကိုသာ ငုံ့နေမိသည်။ သူ့ရှေ့မှ ထိုအမျိုးသမီးကို ဘယ်လိုသတ္တိမျိုးနဲ့ ရင်ဆိုင်ရမည်နည်း ။  အငွေ့ပြန်ပြီး ပျောက်ကွယ်သွားချင်တာပဲ သိသည်။

" ဘယ်နှယ့်လဲ ဟင်....သူများချစ်ခြင်းကို ခွဲပြီးမှ လုယူထားရတာဆိုတော့ ငါ့မျက်စိထဲမှာတော့ နင်က သိပ်ကို သနားစရာကောင်းတာပဲ "

ရွှေသွေးတစ်ကိုယ်လုံး ပူထူလာ​လေပြီ သည်အခြေအနေကို သူဘယ်လို ရုံးထွက်ရမည်နည်း ။ ပန်ကြည့်ရတာ သူ့ကို အခဲမကျေမှုမှန်သမျှအတွက် အရှိန်ဖြင့် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးနှယ်။

" အခုချိန်ထိ သျှားက ငါ့အပေါ်မှာ ချစ်တဲ့အရိပ်ယောင်တွေ ရှိနေသးတာကို နင်လက်ခံလား "

ဟင့်အင်း..အဲ့သလိုစကားမျိုးအတွက်
ရွှေသွေး နားထောင်နိုင်စွမ်းမရှိပေ ။
စကားလုံးတိုင်းက အနာကို ဆားနှင့်မွှန်းနေ
သည့်အလား နာကျင်ရသည်ဆိုတာလေ။
ဒါပေမယ့် ပန်စကားကို သူဘယ်လိုတုန့်ပြန်ချေပရမည်မသိ။

" ဟို..ကျွန်တော်သွားပါရစေ အစ်မပန် ၊ "

" တွေ့လား နင်က မဟုတ်တာ လုပ်ခဲ့တဲ့ကောင်ဆိုတော့ ငါ့ကိုတောင် ရင်မဆိုင်ရဲတော့ဘူးမလား ၊ နင်ပြန်ပြောလေ.. "

ပန်က ရွှေသွေးလက်မောင်းကို အားမလိုအားမရလှုပ်ဆွဲနေလေ သည်။ သို့ပေမယ့်
ရွှေသွေးတစ်ဖက်လူနဲ့ စကားနိုင်ပြိုင်မလုတတ်။ အရှင်းဆုံးပြောရရင် ချေပစရာစကားပင်ရှိလို့မနေပေ။

" တောင်းပန်ပါတယ် ၊ ကျွန်တော့် ဒေါက်တာ ကို အဆုံးရှုံးမခံနိုင်လို့ လုပ်မိလုပ်ရာ လုပ်ခဲ့မိပါတယ် ၊ "

တရားခံပြေးတစ်ယောက်က ဖြောင့်ချက်ပေးနေသလိုမျိုး ။ တကယ့်ကို အရှုံးသမားတစ်ယောက်သာသာ တောင်းပန်တိုးသျှိုးနေပုံလေးက ။

" ငါတို့ ချစ်ခဲ့ကြတာ တစ်နှစ် နှစ်နှစ်မဟုတ်ဘူး ရွှေသွေးရဲ့ ဆယ်နှစ် ၊ ဆယ်နှစ်လို့ ဆယ်စုနှစ်တစ်ခုကြာ ချစ်ခဲ့ကြတာ ၊ နင်က ခဏတာအတွင်း သဘောကျလို့ အပိုင်သိမ်းခဲ့တာလူက ငါနဲ့ ဆယ်စုနှစ်ကြာ ချစ်ခဲ့တဲ့လူလို့ "

" Tripartite Love " Season 1 + 2जहाँ कहानियाँ रहती हैं। अभी खोजें