Chapter - 25

3.1K 124 7
                                    

ဒေါက်တာမျက်နှာကို မကြာခဏ ခိုး
ကြည့်၍သာ ငိုချင်စိတ်ကို ထိန်းထားရ၏ ။
အိမ်ရောက်ရင် ဘာဆက်ဖြစ်မည်လည်း
ရွှေသွေးမစဥ်းစားချင်တော့ပေ ။

ခြံထဲရောက်သည်နှင့် ကားပေါ်မှဆင်းကာ
အိမ်ထဲသို့ ဝင်သွားသော ဒေါက်တာ့နောက်ကိုသာ ရွှေသွေးတစ်ယောက် ထက်ကြပ်မကွာ လိုက်နေမိသည်။

ဒေါက်တာက Kitchen Room ထဲသို့ ဝင်ကာ စားပွဲပေါ်သို့ ကားသော့ကိုအရှိန်ဖြင့် ပစ်တင်လိုက်ပြီး ရေခဲသေတ္တာထဲမှ ရေဘူးကို ထုတ်ယူကာ ဖန်ခွက်အလွတ်တစ်လုံးကိုယူပြီး အရေပြည့်ထည့်၍ မော့သောက်လိုက်၏
အခုမှ ရင်ထဲ အေးသွားသယောင်ပင်။

ရွှေသွေး ဒေါက်တာရဲ့ လှုပ်ရှားမှု တစ်ခုစီတိုင်းကို ငေးကါကြည့်နေရသည်။ ဒေါက်တာကတော့ သူ့တစ်ယောက်ထဲ ရှိနေသည့်အလား ။

"  ဒေါက်တာ...ဆူချင်ဆူ ရိုက်ချင်ရိုက်လိုက်ပါ ကျွန်တော့်ကို စကားမပြောပဲ အခုလိုကြီး မနေပါနဲ့ဗျာ ။ "

ထိုသို့ စကားလေးစခါမှ ဒေါသမျက်လုံးများဖြင့် စူးရဲစွာကြည့်လို့လာသည်။
ထို့နောက် ဒေါသစိတ်ကို ပြေလျော့စေရန် သက်ပျင်းရှည်ကို ချလျက်..

" ကောင်းပြီ မင်း ငါမေးတာကို အမှန်တိုင်းဖြေ "

" ဟုတ် "

"  အဲ့ဒီ သျှိုင်းထွဋ်ဆိုတဲ့ကောင် နဲ့ မင်းမှာ ငါ
မသိတဲ့ ပတ်သက်မှု ရှိနေလား "

" ဟင့်အင်း ဒေါက်တာ ၊ ကျွန်တော်နဲ့ ကိုထွဋ်နဲ့ ဘာမှ ပတ်သက်မရှိဘူး ကျွန်တော် ပြောတာကို ယုံပါ "

" မလိမ်နဲ့ ရွှေသွေး ငါက မင်းလှိမ့်တိုင်းရ
မယ့်သူငယ်နပ်စားမဟုတ်ဘူး "

" ခဏလေး ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါ "

" ဘယ်လို ရှင်းပြမယ် ဟုတ်လား...ရှင်းပြနေရပြီဆိုကတည်းက မင်း သူနဲ့ ပတ်သက်မှု ရှိနေခဲ့လို့လေ ခုနက ငါမေးတော့ မင်းက သူနဲ့ ဘာမှ မပတ်သက်ဘူးဆို ဟက်.."

ဒေါက်တာရဲ့ စကားလုံးတွေက ဂျောင်ပိတ်ပြီး အကြပ်ရိုက်စေသည်မှု ရွှေသွေးခမျာ ဇောချွေးများပင်ထွက်နေချေပြီ။

" Tripartite Love " Season 1 + 2Where stories live. Discover now