Chapter -11

4.5K 185 4
                                    


အလုပ်ကိုရောက်လာသည်ကတည်းက
ငူငူငိုင်ငိုင်ဖြစ်နေသည့် ရွှေသွေးကို ကြည့်ကာ သားထက် သက်ပျင်းချမိသည်။
ထို့နောက် ရွှေသွေးအနားတွင် ကပ်ထိုင်လိုက်လေသည်။

" ရွှေသွေး မင်းမျက်နှာက ဘာဖြစ်နေတာလဲ နေမကောင်းလို့လား "

" ကောင်းပါတယ်ကွ "

" အားမနာနဲ့ နေမကောင်းရင် ငါပြန်လိုက်ပို့မယ် "

" သားထက်.. "

"အင်း ပြော "

"ငါ..ငါကြောက်နေတယ် "

ရွှေသွေး စကားအသွားအလာကို သားထက်ရိပ်မိလိုက်သည်။

" မတစ်ပွင့်ပန် ဆေးရုံပြန်ဆင်းတာကြောင့်လား "

ခေါင်းညိမ့်မိသည်။ ကိုယ်ကချစ်​ရသည့် သူက ၊ သူ ချစ်ရတဲ့သူနဲ့ဆေးရုံတစ်ခုထဲမှာ အလုပ်လုပ်နေသည်ဆိုတဲ့အသိက ရင်ဘက်တစ်ခုလုံးကို မီးစနဲ့ထိုးနေသလိုပင်။

" ဘာကြောက်စရာရှိလဲကွ ၊ အခု ကိုသျှားကို ပိုင်ဆိုင်ထားတာ မင်းပဲလေ ၊ ကိုသျှားက မင်းအပိုင် "

" အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်အချိန် အတိုင်းတာအထိ မြဲနေမယ်ထင်လို့လဲ ၊ ငါ့ဘက်က ဒေါက်တာကို ဘယ်လောက်ထိ ဆွဲထားနိုင်မှာမို့လို့လဲ သားထက်ရာ "

အဆုံးသတ်မှာ တိုးဝင်သွားသောအသံလေး ။

" ငါ့အမြင်ရတော့ ကိုသျှားက မင်းအပေါ်မှာ ခံစားချက်တွေ ရှိနေပါတယ် ၊ သူ မင်းအပေါ် နွေးထွေးမပေးနိုင်သေးတာက မုန်းလို့မဟုတ်ပဲ ခွင့်မလွှတ်နိုင်သေးလို့ပဲ ဖြစ်မှာပါကွ "

" သူများလက်ထဲက လုယူထားပြီးမှ ၊
ပြန်ပြီးလုယူခံရမှာ ကြောက်နေတဲ့ငါက
လူရယ်ချင်စရာဖြစ်ကောင်းဖြစ်ပေမယ့် ၊ တကယ်သာ ဒေါက်တာ့ ကို သူများလက်ထဲ ပြန်ထည့်ပေးလိုက်ရရင်ဖြင့် ငါ..ငါရူးမှာ ၊ ငါရူးရလိမ့်မယ် သားထက် "

ပြောပြီး ခေါင်းငုံ့ကာ ရွှေသွေးငိုသည်။
သားထက် ထပ်မံ၍သာ သက်ပျင်းချမိပြန်သည်။

" မင်းနဲ့တော့ ခက်ပြီ ရွှေသွေးရာ ။ မင်း သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုသျှားရဲ့ ကိုယ်ကျင့်သိက္ခာကိုတောင် မင်းကမယုံဘူးလား "

" Tripartite Love " Season 1 + 2Where stories live. Discover now