Chapter - 65

1.3K 57 2
                                    

ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့တော်ရဲ့
ထင်ကရ တစ်ခုဖြစ်တဲ့ Eiffel Tower
(အီဖယ်လ်တာဝါ) ကို ရွှေသွေး မျက်စိတစ်ဆုံးငေးမော့ကြည့်နေမိသည်။

လက်ဖျားများက အေးစက်နေသလား တုန်ယင်နေမှာတော့မဟုတ်တယ်သေချာတယ် ။ သူ့လက်ကလေးကို ဒေါက်တာက ကျစ်နေအောင် ဆုပ်ကိုင်ထားတာမဟုတ်လား... ။

' ပြင်သစ်နိုင်ငံက ပါရီမြို့မှာရှိတဲ့ အီလ်ဖယ်မျှော်စင် ရှိရာကို ကျွန်တော် ကိုးနဲ့ အတူ အသွားချင်တယ် ။ မျှော်စင်ရဲ့ ဒုတိယအထပ်ကနေ ပါရီမြို့ရဲ့ အလှကို ကိုးနဲ့ အတူ ကြည့်ချင်တယ်.. '

တချိန်က လေဆိပ်မှာ ဒေါက်တာကို ပြောခဲ့ဖူးသည့်စကားလေး... အခု တကယ့် လက်တွေ့မှာ ထိုနေရာလေးကို ရောက်နေကြတယ်ဆိုတဲ့ အသိလေးက ရွှေသွေးရင်ကို လှိုက်ဖိုစေတာအမှန်။ စိတ်ထဲတွင်လည်း ဤအခြေနေကို မယုံကြည်နိုင်သေး...

ခရီးသွားများနှင့် စည်ကားလွန်းသည့်ထိုနေရာလေးမှာ နှစ်ဦးသား တစ်ဦးလက်
တစ်ဦးဆုပ်ကိုင်လို့သာ ထိုမျှော်စင်လေးအား ငေးမြဲ ငေးဆဲ... ။

" ရွှေသွေး.... "

ညင်သာလွန်းလှသည့်အသံကလေး ။
အကြည့်လေးက ဒေါက်တာဆီသို့ ပို့လေတော့

" ကိုယ် မျှော်စင်ပေါ်တက်ဖို့ လက်မှတ်သွားဝယ်ဦးမယ် "

" ကျွန်တော်ကို ခေါ်သွားလေ ၊ကိုးရဲ့ ကလေးလေး မျက်စိလည် လမ်းပျောက်သွားမှာ  စိတ်မပူဘူးလားဗျ "

" ချစ်ဖို့ကောင်းအောင် ပြောနေလိုက် မင်းက "

ဒေါက်တာက ပါးပေါ်မှ ရေချိုတွင်းလေးကို ထင်ရှားနေအောင် ပြုံးလို့သာ လက်လေးကို ကျစ်နေအောင် ဆွဲလို့ လက်မှတ်သွားဝယ်ရတော့သည်။

တစ်သုတ်ချင်းလေးသာ တာဝါပေါ် တက်ရသည်မို့ ထိုအပေါ်သို့ တက်ရဖို့  ခဏတာ ဒေါက်တာတို့ စောင့်ဆိုင်းလို့နေရသည်။

အနီရင့်ရောင် ရှပ်အကွက် လက်ရှည်လေးကို တံတောင်ဆစ်နားအထိ ခေါက်တင်ထားပြီး style pant အနက်ရောင် လေးနဲ့ fit size ကျစွာ တွဲဝတ်ထားသည့် ထိုကောင်လေးက ချစ်စဖွယ် ကောင်းလွန်းလှ၏ ။ 

" Tripartite Love " Season 1 + 2Where stories live. Discover now