Chapter -20

3.1K 118 10
                                    


Restaurant တစ်ခုရဲ့ private room ထဲမှာ
ရွှေသွေး နှင့် ဦးရွှေမဟာမှာမျက်နှာချင်းဆိုင်ထိုင်နေလျက်။

" ဖေဖေလိုအပ်နေတဲ့ ငွေပမာဏကိုသာ ပြောပါ ခဏနေ ကျွန်တော့်ရှေ့နေလာတာနဲ့ အဆင်ပြေအောင်လုပ်ပေးပါ့မယ် "

" ငါလိုအပ်နေတဲ့ ငွေက မီလျံချီတယ်
ရွှေသွေး "

" ကျွန်တော်က နန်းရွှေဆိုင်ရဲ့ သခင်လေးဆိုတာ မေ့သွားတာလား "

" ......."

" စိတ်ချ ဖေဖေကို ကူညီတာ စံအိမ်တော်က လူတွေ မသိစေရပါဘူး အထူးသဖြင့်
မယ်မယ်ကိုပေါ့ ။ "

" မယ်မယ်ကြီး ကျန်းမာရေးကရော "

"စောင့်ကြည့်နေရဆဲ အခြေအနေပါ "

" ဒါနဲ့ ဖေဖေရဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မှာလဲ "

" နှစ်ဦးနှစ်ဖက် ထိခိုက် နာကျင်နေရပြီဆိုရင် ရှေ့ဆက်ဖို့ ထက် စွန့်လွှတ်ဖို့က အကောင်းဆုံး နည်းလမ်းပဲမဟုတ်လား "

" ကျွန်တော်နဲ့ မယ်မယ်ကိုတောင်ပစ်ချခဲ့ပြီး ဖေဖေ ရွေးချယ်သွားတဲ့ အမျိုးသမီးကို သည်လိုပဲ လက်လွှတ်တော့မလို့လား "

" ......"

" မယ်မယ်က ဖေဖေကို ချစ်လွန်းလို့ သုညဘဝကနေ အမြင့်ကို တင်ပေးခဲ့တယ် ၊ အောင်မြင်လာတဲ့ အချိန်ကျ ဖေဖေက အရင်က အချစ်ဦးကို ပြန်ရွေးချယ်ပြီး ရအောင်ယူသွားတယ် ၊ အခုတစ်ခါ ဖေဖေ ရွေးချယ်ခဲ့တဲ့ အမျိုးသမီးက တခြား အမျိုးသားကို ပြန်ပြီး ရွေးချယ်ပြန်သတဲ့ တကယ်ပဲ တရားသော ဝဋ်တွေကလည်တာ လှလိုက်လေခြင်း ဖေဖေရယ် ။ ဒါပေမယ့် ဝမ်းနည်းစရာက ဖေဖေရော မယ်မယ်ရော အချစ်ဦးတွေကို တသက်လုံး လက်လွှတ် အဆုံးရှုံးလိုက်ရတာပဲ "

"ဒါတွေ ထားပါတော့ကွယ် ။ သားတို့ အိမ်ထောင်ရေးကရော အဆင်ပြေကြလား  "

" ဖေဖေနဲ့ မယ်မယ်လို ဆံဆက်ရေးမျိုးလို့ပဲပြောရမယ်ထင်တယ် "

" သား! "

သူ့ရှေ့မှာ ဘာမှမဖြစ်မဖြစ်သလို တည်ငြိမ်အေးစက်စွာ ပြောဆိုနေသည့် သားဖြစ်သူကို ကြည့်ကာ စိုးရိမ်မိလေ၏ ။

" Tripartite Love " Season 1 + 2Where stories live. Discover now