Chapter -59

1.5K 112 8
                                    

ဆု မျက်နှာရဲ့ အေးစက်မှုဟာ အခန်းတစ်ခုလုံးကိုပင် ကြောက်စိတ်ဝင်မိရသည်အထိပေါ့။

မိုက်ခရိုဖုန်းများစွာက သူမ ထိုင်နေတဲ့ နေရာနဲ့ နီးကပ်ကပ်လေးမှာ...သူမ အရှေ့မှာတော့
သတင်းထောက်များစွာက စောင့်ကြည့်လို့သာ မှတ်တမ်းပုံများယူလျက်...

သူမရဲ့ ကိုယ်ပိုင် Account တွင်လည်း Liveလွှင့်ထားလိုက်၏ ။

သိလိုစိတ်ပြင်းပျကာ comments က မနည်းမနောနှင့်
ကြည့်ရှုသူတွေ များလာပြီဆိုတဲ့အချိန်တော့...

ရွှေသွေးရဲ့ မယ်မယ်က ဟမ်းဖုန်းလေးကို ကျစ်နေအောင် ဆုပ်ကိုင်လို့ ရင်ထဲတလှပ်လှပ်နှင့်...

ဒေါက်တာကျော်စိုးက Childward သို့ အမောတကောပြေးလာကာ သတင်းပေးမှုကြောင့် ဒေါက်တာက ကမန်းကတမ်း ဖုန်းထုတ်ကာ ကြည့်ရပြန်ပြီ။

နွယ်နီနဲ့ ပန်ဟာလည်း ထိုနည်းတူနားစွင့်ထားဆဲ။

* ငါတို့ သခင်လေးရဲ့ အမျိုးသမီးမို့လား *

* အေး ဟုတ်တယ်ဟ ၊ စိတ်ဝင်စားစရာပဲ ဘာတွေ ဖော်ထုတ်ချင်လို့လဲမသိ *

ဖိုးလမင်း အနောက်က ရောက်နေသည်ကို
မသိပါပဲ အလုပ်ချိန် ဖုန်းခိုးသုံးကာ တွတ်ထိုးနေကြခြင်းပင်။

ဖိုးလမင်း သခင်လေး ရုံးခန်းကိုသာ ပြေးမတက်လှမ်းလို့ တံခါးမခေါက်ပဲ ဝင်ချလာမိတော့၏ ။

* ဘာဖြစ်လာတာလဲ လမင်း *

* ဖုန်းကို ဖွင့်ကြည့်လိုက်ပါ သခင်လေး  မဆု live လွှင့်နေတာ *

" ကျွန်မ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အမှန်တရားကို အားလုံးကို သိစေချင်လို့ပါ...၊ အခု ကျွန်မနှုတ်က ထွက်လာမယ့် စကားလုံးတိုင်းက မုသားတစ်ခွန်းမှ ပါမှာ မဟုတ်ဆိုတာယုံပေးကြပါ

ကျွန်မ နန်းရွှေဆိုင် စံအိမ်တော်က သခင်လေး ရွှေသွေးနန်းဆိုင်နဲ့ ကွာရှင်းပြီးပါပြီ "

ဆုက ကွာရှင်းစာချုပ်ကလေးကို မြင်သာအောင် camera ရှေ့ မြှောက်ပြလာတော့

ကြည့်ရှူသူတွေရဲ့ ဝေဖန်ချက်များကလည်း အဆက်မပြတ်

ဒေါက်တာကရော ပြုံးလိုက်မိသလား မသိချေ။

" Tripartite Love " Season 1 + 2Where stories live. Discover now