Chapter - 56

1.6K 113 5
                                    

" ရှူး!...မအော်နဲ့လေ... ကိုယ်တို့လို ဆရာဝန်တွေဆိုတာ လူနာနဲ့ ပတ်သက်ပြီး counseling ဝင်တဲ့အခါ အရှိကို အရှိတိုင်း
ပွင့်ပွင့်လင်းလင်းပြောပေးရတာ ထုံးစံပဲကလေးရဲ့ ၊ operation လုပ်ရတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကအစ ကုသဖို့အတွက် ကုန်ကျစရိတ်ကိုပါ လူနာရှင်တွေ သုံးသပ်လို့ရအောင် ပြောပြပေးရတာ ၊ အခု ကလေးကို ဆရာဝန်ကြီးက ပြောလိုက်တယ်ဆိုတာ သူ့တာဝန်အရ ပြောပြလိုက်တာ ..ကိုယ်ပြောတာ သဘောပေါက်လား "

ထိုအခါမှ ဒေါသရိပ်များက အလျင်းပျောက်ကွယ်လို့ ကျစ်နေအောင် ဆုပ်ထားသည့် လက်သီးဆုပ်ကလေးက ပြေလျော့လို့သာ မျက်လွှာ ချသွားလေပြီ ။

ဒါဆို သူရှင်းပြတာကို ယုန်ပေါက်လေးက လက်ခံတယ်ဆိုတဲ့ သဘောပေါ့။ ပြောပါတယ် သူ့ကလေးက လူလိမ္မာလေးပါဆို ။

----------------

ဒေါက်တာက Physician (သမားတော်) နှင့် အချိန်တော်ကြာသည်အထိ ဆု မေမေရဲ့ ရောဂါအကြောင်း ဆွေးနွေးပြီးသည်နောက်တော့ ICU အခန်းသို့ ဖြည်းဖြည်းချင်း အားယူကာ ပြန်လာခဲ့လေ၏ ။

လှုပ်ရှားမှုလုပ်လိုက်တိုင်း ဒဏ်ရာက နာကျင်လှ၏ ။

" ကိုသျှား ဆရာဝန်ကြီးနဲ့ ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ရဲ့လားဟင် ၊ ဆု ကို ပြောပါဦး"

" အခုလောလောဆယ်တော့ ကျောက်ကပ်ဆေးပြီးတော့ပဲ ရောဂါကို ထိန်းထားရမှာ ဆုရဲ့ ၊ အလှူရှင်ရဖို့အတွက်တော့ ကြိုးစားပြီး ရှာရမှာပေါ့ "

လူနာကုတင်ပေါ်တွင် မေ့မြောနေသည့် သူမတို့ မေမေကို ကြည့်၍သာ စိတ်ထဲ ဝမ်းနည်းလို့နေသည်။

" ကိုး! "

" ဟွန်... "

ရွှေသွေးက ဒေါက်တာ့အနားသို့အလောတကြီးလာရပ်ပြီး အင်္ကျီစကလေးအား လှန် ကြည့်တော့

" အာ့... ဘာလုပ်တာလဲ ရွှေသွေးရ "

" ကိုး ဒဏ်ရာက သွေးတွေ ပြန်ထွက်နေပြန်ပြီ "

ရွှေသွေးအပြောကြောင့် သူ့ဒဏ်ရာအား ငုံ့ကြည်မိတော့

'ကျစ်...အလှုပ်အရှားများလို့ ချုပ်ရိုးနေရာက သွေးပြန်ပြီး စိမ့်ထွက်နေတာပဲ '

" Tripartite Love " Season 1 + 2Donde viven las historias. Descúbrelo ahora