Chapter - 63

1.5K 87 3
                                    


ဒေါက်တာ့ ရင်ထဲ ပူလောင်မှုတို့နဲ့အတူ ခြေလှမ်းတို့က ယုန်ပေါက်လေးဆီသို့...

" ရွှေသွေး!!!!"

နားထဲမှဒေါက်တာ ခေါ်သံကို ကြားလိုက်ရသည်။

ဒေါက်တာက ရွှေသွေးရဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲအတိဝင်ရောက်စေကာ ပွေ့ဖက်လို့သာ....

ဒီတစ်ကြိမ်လည်း ကိုယ် မင်းကို ကယ်ခွင့်ရပြန်ပြီလား...။

ဘယ်လိုထိခိုက်မှုမျိုးမဆို မင်းအပေါ် မသက်ရောက်စေရဘူး ကလေးရယ်... ကိုယ်နောက်ဆုံး ထွက်သက်ထိ ကာကွယ်နိုင်သမျှ ကာကွယ်ပေးမှာ ။

ကောင်းချီးအားလုံးနဲ့ ထိုက်တန်တဲ့ကလေးမို့ မင်းကတော့ အသက်ရှင်နေမှဖြစ်မှာ...

" ပန်!...စိတ်ထင်ရာတွေ လျှောက်မလုပ်နဲ့ ငါတို့ပါ သေကုန်လိမ့်မယ် "

နွယ်နီ တုန်ယင်စွာ အော်ပြောသည့်တိုင် ပန်က ရွှေသွေးကိုသာ စူးရဲစွာကြည့်လို့ လီဗာကို မလျှော့သေးပေ ။

" ပန်...ကားရပ်လိုက်လို့ "

steering wheel ကို နွယ်နီက သူ့ဘက်ကို အားနဲ့ လှည့်လို့ လမ်းဘက်ကို ရပ်စေသည်။

" နွယ်နီ လက်လွှတ် ဘာလုပ်တာလဲ!!! "

" ဟင့်အင်း...နင်ရပ်လိုက်ပန်!!! "

သူ့ဘက် ကိုယ့်ဘက် ဆွဲလှည့်နေသည်မို့ ကားလေးဟာ ဘယ်ညာယိမ်းလို့ ဟန်ချက်ပျက်နေစဥ်...

ရွှေသွေးတို့အနားရောက်လုနီးနီးမှာပဲ
တဖက်က အရှိန်ဖြင့် ကွေ့ချလာသည့် အိမ်စီးကားလေးကိုမြင်တော့  ပန်  ဘရိတ်အုပ်လို့ အမိအရ ရှောင်ပေမယ့်လို့....

" ပန် !!!!"

ကျွီးးးးး...ကျွီ....

ဝုန်း!!!

ဒုန်း...

' အာားးးး...အာ့ '

ကားနှစ်စီးရဲ့ အရှိန်ဖြင့် တိုက်မိကြလေပြီ ။
နွယ်နီရော ပန့်ခေါင်းမှာပါ သွေးချင်းနီ
လျှက်.....

မကြာလိုက် လူအများက ဝိုင်းအုံလာကြသည်။

ဒေါက်တာက ရွှေသွေးကို တင်းနေအောင် ဖက်ထားဆဲ... သူလွှတ်လိုက်တာနဲ့ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေသေးပုံပဲ ။

" Tripartite Love " Season 1 + 2Where stories live. Discover now