Chapter - 62

963 68 9
                                    

တရားရုံးတွင် ဒေါက်တာတို့ ရောက်နေကြသည်။
ရှေ့နေက ဆုနဲ့ ကောင်းဝေယံအား သြဝါဒခြွေပြီးသည်နောက်တော့အပြာရောင် လက်ထက်စာချုပ်လှလှလေးအား ရှေ့တွင် ချပေးကါ လက်မှတ်ထိုးစေသည်။

နှစ်ဦးသား အပြုံးကိုယ်စီနှင့် အပြန်အလှန် လက်မှတ်ထိုးပြီးနောက် အသိသက်သေနေရာမှ ဒေါက်တာနဲ့ သက်ဦးက လက်မှတ်ထိုးပေးရလေ၏ ။

သားထက် ပြုံး၍သာ ဓာတ်ပုံမှတ်တမ်းများကို အမိအရ ရိုက်ယူဆဲ ။

ထို့နောက်တွင်တော့ ဆွမ်းကျွေးအတွက် ဘုန်းကြီးကျောင်းသို့ ငါးယောက်သား ထွက်လာခဲ့ကြသည်။

မီဒီယာတရုံးရုံးနှင့် ဘုန်ကြီးကျောင်းလေးထဲမှာ စည်းကားလျက် ။

နှစ်ဖက်သော မိဘအသိုင်းဝိုင်း မပါပေမယ့် ဒေါက်တာတို့က အကုန်စီစဥ်ပေးခြင်းကြောင့် ဆုတို့ မျက်နှာမငယ်ရပေ။

" ကိုသျှား..."

" ဟင်..."

"  ကျွန်တော်ဗိုက်ဆာနေပြီ "

" စားတော့လေ သားထက်ရ "

" ရွှေသွေးက လာမှာ သေချာရဲ့လား သူနဲ့မှ အတူစားမလို့ "

" အဆာမခံနဲ့ သွားစားချေ သွား...."

ကိုကိုကလည်း တအား social ကောင်းလှသည်။ မသိသည့်သူများကိုလည်း စကားတွေ ဖောင်ဖွဲ့ကာ ဧည့်ခံလို့နေလေရဲ့။ ကိုကို့အနားသို့ သွားကာ

" ကိုကို... ကျွန်တော် ဗိုက်ဆာလို့ "

" ဟုတ်လား.... လာလာ ဒီမှာထိုင် ၊ ကိုကို
မုန့်သွားယူပေးမယ် "

ကိုကိုက စားစရာများ လာချပေးလေတော့ သားထက် ဆာဆာနဲ့ စားလေသည်။

" ဖြည်းဖြည်းစားပါ သားထက်လေးရယ် ၊ "

" ကျွန်တော် မနက်ကတည်းက ဗိုက်ဆာနေတာဗျ ၊ ကိုကို ဒါနဲ့လေ သူတို့သားနဲ့ သူတိုးသမီးကို ကြည့်လိုက်ဦး သွားတွေက နားရွက်တက်ချိတ်တော့မယ့်အတိုင်း ခ်ခ် ၊ "

ကိုကိုက လှမ်းကြည့်လေတော့ သူတို့ပျော်သလို ကိုယ်လဲ ပျော်ရပါသည်။ ချစ်ရသူနှစ်ဦး ပေါင်းစည်းတာ ဘယ်လောက် မဂ်လာရှိလိုက်သလဲ ။

" Tripartite Love " Season 1 + 2Where stories live. Discover now