Chapter -16

3.3K 145 1
                                    


ဆေးအကူညီဖြင့် ရွှေသွေး နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့ရသည်။ သို့ပေမယ့်
ညအလယ်ရောက်တွင်တော့ ထစ်ချုန်းပြီး သည်းထန်စွာရွာသွန်း​နေသော မိုးသံများကြောင့် လန့်ကာနိုးလာရ၏ ။

မျက်လုံး ဖွင့်ကြည့်မိတော့ မဲမှောင်လျက်ရှိ နေသည့်အခန်းလေးကြောင့် ရွှေသွေး ရင်ထဲ တလှပ်လှပ်ဖြစ်လို့လာလေသည်။ ထွက်ပေါက်ပိတ်နေသည့် လူသားပမာ အသံရှူလို့ပင် မဝနိုင်ဖြစ်ရ၏ ။

ကြောက်စိတ်တို့နှင့်တူ တိုးလျသောလေသံလေးဖြင့် စိတ်သက်သာယာရစေဖို့ ဒေါက်တာကိုသာ ကယောင်ကတမ်းတနေမိတော့သည်။

" ဒေါက်တာ.. ဒေါက်တာ ပြန်ရောက်နေပြီလားဟင် ၊ ဒေါက်တာ အသံပေးပါအုံး ကျွန်တော် ကြောက်လို့ပါ..ဒေါက်တာ "

တုန်ယင်နေသော လက်ချောင်းသွယ်ကလေးများဖြင့် သူ့နဘေးကို စမ်းကြည့်လေတော့
လစ်ဟာနေသည့် နေရာလေး ။

ဒေါက်တာ ဒီည ပြန်မလာဘူးပေါ့ အတွေးတို့ဝင်သည်နှင့် တစ်ပြိုင်နက် မျက်ရည်က
ကျလာလေသည်။ ရင်ထဲတွင်လည်း ပူလောင် မွန်းကြပ်မှုတို့က အတိုင်းအဆမရှိ နေရာယူလျက်။
အမှောင်နဲ့အတူ တုန်လှုပ်ခြောက်ခြားမှုတို့က ရွှေသွေးအတွက် ရူးသွားစေနိုင်သည်။

ခဏအကြာတွင်မှ ပြန်လင်းလာသည့် အခန်းမီးရောင်လေးမြင်ကာမှ တင်းထားသမျှ စိတ်တို့ကို လွှတ်ချကာ ရွှေသွေး ရှိုက်ကြီးတင်ငိုလေတော့သည်။

လူတစ်ယောက်ကို ချစ်ရတာ သည်လောက် ပင်ပမ်းရသတဲ့လား ။
သူ့အတွက်ကျမှ ဒေါက်တာဆီက မေတ္တာတွေရဖို့ ဘာတွေက ခက်ခဲလို့နေသလဲ ။

အိပ်မရသည့် ညတွေက ရွှေသွေးအတွက်တော့ ညတာရှည်လွန်းလှသောကြောင့် မနက်လင်းရောင်ခြည်သို့ အမြန်ရောက်ချင်လှ၏ ။

***************

တစိမ့်စိမ့်ရွာနေသည့်မိုးကို ဧည့်ခန်း ပြတင်းပေါက်မှ ငေးကြည့်ရင်း ​ရွှေသွေး စိတ်တို့က အထီးကျန်လွန်းလှသည်။

ရုံးမှာဆို ရွှေသွေးပျော်သည်။ စိတ်ညစ်နေရင်တောင်မှ ဘေးမှာ သားထက်ရှိသည်မို့
ရင်ဖွင့်ဖော်ရှိသေး၏ ။

" Tripartite Love " Season 1 + 2Where stories live. Discover now