Extra - 2

17.3K 1.2K 276
                                    

ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၏ ဆရာတစ်ဆူနှင့် နာမည်ကြီးမင်းသားတို့၏ လျှို့ဝှက်ချိန်းတွေ့မှု။

အိမ်ထောင်သည် High Boss နှင့် နာမည်ကြီးမင်းသားတို့၏ Dinner Date။

နာမည်ကြီးလိုက်ပွဲလေးနဲ့ ပူပူနွေးနွေးညနေခင်းလေးကို ဖြတ်သန်းခဲ့တဲ့ High Boss။

***

နံနက်ခင်း၌ အဆိုပါသတင်းခေါင်းစဉ်အမျိုးမျိုးဖြင့် ဆောင်းပါးများက Social Media ထက် ပျံ့နှံ့နေလေသည်။ ထိုဆောင်းပါးတို့နှင့်အတူ တွဲပါနေသော ဓာတ်ပုံနှစ်ပုံထဲတွင်တော့ ခေါင်ရိပ်လင်းသွင်နှင့် နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သော နီကိုးလပ်စ်တို့က စားသောက်ဆိုင်တစ်ဆိုင်၏ ကားပါကင်ထဲတွင် မျက်နှာချင်းဆိုင်အနေအထားဖြင့် ရှိနေကြ၏။

ယခုအချိန်သည်ကား နံနက် ၇ နာရီဖြစ်သည်။ စစ်တောင်းတစ်ယောက် နံနက်စောစောစီးစီး မိတ်ဆွေများ၏သတင်းပို့မှုကြောင့် Social Media ထက် နာမည်ကြီးနေသောသတင်းများကို အချိန်နှင့်တစ်ပြေးညီ သိခွင့်ရနေလေ၏။ သတင်းများထဲမှ ဇာတ်လိုက်ကျော်ဖြစ်နေသည့် ခေါင်ရိပ်ကတော့ ညတုန်းက ဈေးကွက်အခြေအနေပြောင်းလဲမှုကို စောင့်ကြည့်ရင်း အိပ်ချိန်နောက်ကျခဲ့သည်မို့ ယခုထက်ထိ မနိုးပါသေးချေ။

“ဒယ်ဒီ မောနင်း”

“ဒယ်ဒီ မောနင်း၊ ဖေဖေရော”

ဧည့်ခန်းထဲရှိ ဆိုဖာထက်တွင်ထိုင်ကာ ဖုန်းထဲမှသတင်းများကို ထိုင်ဖတ်နေစဉ် သားနှင့်သမီးတို့၏ နှုတ်ဆက်သံကြောင့် ဖုန်းကိုချကာ လှည့်ကြည့်လိုက်တော့ အဖြူရောင်ညအိပ်ဝတ်စုံတို့ကို ဝတ်ထားကြသည့် မောင်နှမနှစ်ယောက်အား တွေ့လိုက်ရ၏။ သားက သမီးငယ်ကို ချီထားပုံထောက် ဂန္တဝင်လင်းဟန်တို့ စောစောနိုးပြီး အစ်ကိုဖြစ်သူအား မရမကသွားနှိုးကာ ခေါ်လာသည့်ပုံပင်။

“သမီးတို့ဖေဖေက ညကအိပ်တာနောက်ကျလို့ အိပ်နေတုန်း၊ သွားနှိုးဖို့ စဉ်းစားမနေနဲ့၊ လာ ဒယ်ဒီတို့သုံးယောက်ပဲ မနက်စာစားကြမယ်”

စစ်တောင်းက ပြောပြောဆိုဆိုနှင့် ဖုန်းကို စားပွဲထက်တင်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ ထိုအခါ ဂျူလီယံက ပြန်မေးလာ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now