Chapter - 20

19.6K 1.2K 110
                                    

ဂျိုးဇက်နှင့်သျှန်ယုတို့ဟာ ဆေးခန်းမှပြန်လာပြီးနောက် အိပ်ပျော်သွားသည့် ကဲကဲလေးအား စောင့်ကြည့်နေကြရင်း နှစ်ဦးသားက တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သူတို့သည် ယခုအချိန်၌ ကဲကဲတို့အိမ်သို့ ရောက်ရှိနေကြခြင်းဖြစ်ပြီး အိပ်ပျော်နေသောကလေး၏ အိပ်ရာနံဘေး ကုလားထိုင်တို့ကိုယ်စီနှင့် ထိုင်နေကြခြင်းပါပင်။

ဂျိုးဇက်၏မျက်နှာဟာ ပုံမှန်အတိုင်း တည်ကြည်နေလျက်ရှိပြီး နံဘေးမှ သျှန်ယုကတော့ ကဲကဲလေး၏ နီရဲရဲ မျက်နှာသေးသေးလေးကိုကြည့်ကာ စိတ်ပူနေသည့်ဟန်မျိုး ဖြစ်နေသည်။ သို့ပေသည့် လက်ရှိတွင် သူစိတ်ပူနေသည်မှာတော့ နေမကောင်းသောကလေးကို မဟုတ်ပါချေ။

ဂျိုးဇက်က အမူအရာကင်းမဲ့နေသောမျက်နှာနှင့် ဖြစ်ပါသော်ငြား နံဘေးမှလူကို တစ်ချက်တစ်ချက် မသိမသာ လှည့်ကြည့်နေလေသည်။ ထိုသို့ကြည့်ပြီးတိုင်း သူ၏ တင်းတင်းဖိပိတ်ထားသော နှုတ်ခမ်းအစုံက မသိမသာလှုပ်ခတ်သွားတတ်ပါ၏။

နောက်ဆုံးတွင်တော့ တည်ငြိမ်လွန်းသူကြီးဟာ နံဘေးမှလူ၏ ရှားရှားပါးပါး တိတ်ဆိတ်နေမှုအား သည်းမခံနိုင်တော့စွာဖြင့် စကားစလိုက်သည်။ အနားတွင် ကလေးက အိပ်နေသောကြောင့် သူ၏အသံဟာတော့ တစ်ဖက်လူကြားရုံမျှသာ ဖြစ်၏။

"အရမ်းမစိုးရိမ်ရဘူးလို့ ဆရာဝန်ကိုယ်တိုင် ပြောပြီးသားပဲ၊ ခင်ဗျား ဒီထက်ပိုစိတ်ပူနေလည်း ထူးခြားသွားမှာမှ မဟုတ်တာ"

"မင်း မနှစ်သိမ့်တတ်ရင်လည်း တိတ်တိတ်နေပေးပါလား"

"ခင်ဗျားယောက်ျားဖြစ်တာမှ မဟုတ်တာကို ခင်ဗျားက နှစ်သိမ့်ခံချင်သေးတာလား"

သျှန်ယုဟာ တစ်ဖက်လူအား စိတ်မရှည်စွာဖြင့် တစ်ချက်စောင်ကြည့်လိုက်မိပါ၏။ ထိုအခါမှ ဂျိုးဇက်က ပါးစပ်ပြန်ပိတ်သွားသည်။

ယခု သျှန်ယုစိတ်ပူနေသည့်ကိစ္စမှာတော့ ကဲကဲလေး၏ဖခင်ဖြစ်သူ ဗညားမြင့်က လုပ်ငန်းခွင်တွင် မတော်တဆမှုတစ်ခုအား ကြုံခဲ့ရသောကြောင့် ဖြစ်၏။ ယင်းမှာ ကဲကဲလေးကို ဆေးခန်းပြနေစဉ်အတွင်း ဖြစ်သွားခဲ့ခြင်းမို့ မေလေးတစ်ယောက် ခင်ပွန်းကို ပြေးကြည့်ရမလား၊ သားကိုပဲ ဆက်စောင့်ကြည့်ရမလားဟူ၍ ဗျာများသွားခဲ့သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now