Chapter - 46

14.8K 1K 228
                                    

"နိုဗယ်! ပြန်ဆင်းစမ်း၊ ငါ မင်းကို ခေါ်မယ်လို့ မပြောဘူး"

"မဆင်းဘူး၊ လိုက်မှာပဲ"

နိုဗယ်တစ်ယောက် သူ့ကိုမခေါ်ချင်သော ညီဖြစ်သူ၏ကားပေါ်သို့ တက်လိုက်ရင်း ပြန်ပြောလိုက်ခြင်း။

ထိုအခါ ဂျိုးဇက်ကလည်း အစ်ကိုဖြစ်သူ ပိတ်ဖို့လုပ်နေသော ကားတံခါးကို ပိတ်မရအောင် ဆွဲတားလိုက်ပြီး...

"ပြန်ဆင်း၊ ငါ မင်းကို ဆွဲမချချင်ဘူး"

"မဆင်းဘူး၊ ငါလိုက်ချင်လို့ပါဆို၊ ငါအတည်ကတိပေးတယ်ကွာ၊ မင်းတို့အတွဲကို လုံးဝမနှောင့်ယှက်ဘူး"

"သုံးစက္ကန့်အတွင်းမဆင်းရင် ငါဆွဲချမယ်"

ဂျိုးဇက်၏စကားအဆုံး နိုဗယ့်မျက်လုံးလေးတွေက ပြူးဝိုင်းသွားပြီးနောက် ချက်ချင်းလုပ်လိုက်သည်မှာတော့ ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး ၎င်းခါးပတ်ကြိုးအား လက်အစုံဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ခြင်းပါပင်။

နိုဗယ့်ပုံစံက ဘယ်လိုပင် သနားကမားပုံစံလေးဖြစ်နေပါစေ၊ ဂျိုးဇက်ကတော့ မသနားပါချေ။ သို့ဖြစ်ရာ သုံးစက္ကန့်ပြည့်သည်နှင့် ထိုင်ခုံခါးပတ်ကိုဖြုတ်ရန် လက်လှမ်းလိုက်တော့ နိုဗယ်က အသံစူးစူးနှင့် ထအော်ပါတော့၏။

"အား!!!!!!!!!!!!!!!! ပါပါးရေ!!! ပါးရေ!!! ဒီမှာ အငယ်ကောင် ကျွန်တော့်ကို အနိုင်ကျင့်နေပါတယ်ဗျို့!!!!!!!"

နားထဲ စူးခနဲဝင်လာသော အသံကြောင့် ဂျိုးဇက်တစ်ယောက် မျက်နှာရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်ကို နောက်သို့ပြန်ဆုတ်လိုက်မိသည်။ သို့သော် နိုဗယ်ကတော့ ဆက်အော်နေဆဲ။

"ပါးရေ!!!!! ကျွန်တော့်ကို လာကယ်ပါဦး!!!!!! ဂျိုးဇက်က ကျွန်တော့်ကို ကားပေါ်က အတင်းဆွဲချနေတယ်!!!!!! ပါးရေ!!!!!!!!!!"

ဂျိုးဇက် အစ်ကိုဖြစ်သူအား ခါးတစ်ဖက်ထောက်ကာ စိတ်ပျက်လက်ပျက်ဟန်နှင့် ကြည့်နေမိ၏။ နိုဗယ်သီဟဦးတို့ ယောက်ျားနှင့်ရန်ဖြစ်ပြီး အိမ်ကဆင်းလာပြီဆိုလျှင် ဤကဲ့သို့ သူတို့အိမ်တွင် အရှုပ်ထုပ်လာလုပ်တတ်ပါသည်။

ခြံတစ်ခုလုံး နိုဗယ့်အသံတို့ဖြင့် လွှမ်းသွားသောကြောင့် လူကြီးနှစ်ယောက်ရော ဝန်ထမ်းအချို့ပါ အိမ်ရှေ့သို့ ထွက်ကြည့်လာကြ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now