Chapter - 2

32.5K 2.2K 391
                                    

သျှန်ယုဟာ ကနဦးက သူ၏ဘယ်ဘက်လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်လေးအား သာမန်လက်ကောက်တစ်ခုအဖြစ်သာ မှတ်ယူခဲ့ပါသော်ငြား စင်စစ်တွင်တော့ ထိုသို့မဟုတ်ခဲ့ပါချေ။

အကြောင်းမူကား ယင်းလက်ကောက်အတွင်း၌ သခင်၏စကားကိုသာ နာခံတတ်သော နည်းပညာတစ်ခုပါဝင်နေပြီး ၎င်းဟာ ၎င်းကိုယ်တိုင်ကပင် သခင်ဟူ၍ သတ်မှတ်ထားသူ၏ အမိန့်စကားများနှင့် ညွှန်ကြားချက်များကို နာခံရုံတင်သာမက ၎င်းအား ဝတ်ဆင်ထားသူကိုလည်း သခင်ဖြစ်သူ၏စကားများကို နာခံတတ်စေရန် လုပ်ဆောင်ပေးနိုင်လေ၏။

၎င်းလက်ကောက်လေးဟာ ဂျိုးဇက် နိုင်ငံခြား၌ရှိနေခဲ့စဉ် သူ၏မိတ်ဆွေ သိပ္ပံပညာရှင်တစ်ယောက်က သူ့အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းနှင့် ရွှေတို့ကတော့ ဂျိုးဇက်၏အပိုင်ဖြစ်ပြီး လက်ကောက်အတွင်းရှိ နည်းပညာကတော့ သူ့မိတ်ဆွေဖြစ်သူ၏အပိုင်သာ ဖြစ်ပါ၏။

ဂျိုးဇက်ဟာ လက်ကောက်နှင့်ပတ်သက်၍ အကြောင်းအရင်းအစုံအလင်တို့ကို တည်တည်ငြိမ်ငြိမ်နှင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြနေခြင်းဖြစ်ပါသော်ငြား နားထောင်နေရသူ သျှန်ယုတစ်ယောက်ကတော့ တစ်ဖက်မှရှင်းလေလေ၊ သူ့ဘက်မှ နားရှုပ်သွားလေလေဖြစ်နေခဲ့သည်။

လက်ရှိအချိန်၌ သူတို့ဟာ အိပ်ရာတစ်ခုထက် စောင်တစ်ထည်တည်းအောက်တွင် မိမွေးတိုင်း၊ ဖမွေးတိုင်း ပုံစံဖြင့် အတူရှိနေကြခြင်းဖြစ်ပြီး နှစ်ယောက်သားက ထိုင်နေကြခြင်းလည်းဖြစ်ကြသည်မို့ စောင်ဟာ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းများကိုသာ ဖုံးအုပ်ပေးထားနိုင်လေ၏။ ထို့ပြင် ဂျိုးဇက်က သျှန်ယု၏ လက်ကောက်ဝတ်ထားသော ဘယ်ဘက်လက်ကလေးကိုလည်း ယခုထက်တိုင် ဆွဲယူဆုပ်ကိုင်ထားဆဲပါပင်။

သျှန်ယုတစ်ယောက်ကတော့ လက်ရှိအခြေအနေထက်ပိုပြီး ဂျိုးဇက်၏စကားတို့ထဲ၌သာ အာရုံရောက်နေခဲ့သည်မို့ အခြားမည်သည့်အရာကိုမှ မတွေးနိုင်ခဲ့ပါချေ။

ဂျိုးဇက်ဟာ သူ့ရှေ့မှ ဖရိုဖရဲပုံစံလေးနှင့် မျက်မှောင်လေးများ အနည်းငယ်ကြုတ်နေပါသော အစ်ကိုသေးသေးလေးအား စိုက်ကြည့်နေရင်းဖြင့် မျက်ဝန်းတို့ထဲ အပြုံးရိပ်တို့ ဖြတ်ပြေးသွားခဲ့၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now