Chapter - 7

19.4K 1.3K 332
                                    

အယ်လ်ဖာဟာ သစ်ပင်ရိပ်အောက်၌ လူရှိသည်ကို သိလိုက်ရသည်နှင့် သူ၏ပေါင်ရင်းနားသို့ကပ်နေသော အိုမီဂါအား လက်တစ်ဖက်တည်းကိုသုံးကာ အားဖြင့် ဆွဲဖယ်လိုက်တော့၏။ ထိုအခါ အိုမီဂါက နံဘေးသို့ ယိုင်ကျသွားသည်မို့ အတော် စိတ်တိုသွားဟန်ရပြီး သူက မူးနေသည်လည်းဖြစ်ရာ အယ်လ်ဖာကို ဆဲရေးလိုက်ပါတော့သည်။

"ချီးလိုပဲ မင်းရတုရှင်! မင်း အဲ့လောက်ထိ ကြီးကျယ်မနေနဲ့!"

အိုမီဂါဟာ ထိုသို့ဆဲရေးလိုက်ရင်းဖြင့် ယိုင်တိယိုင်တိုင်နှင့် ကိုယ်ကိုမတ်မတ်ရပ်လိုက်သော်ငြား မရသည်မို့ ကား၏ ကိုယ်ထည်၌ဆက်မှီရပ်လိုက်ရင်း နှုတ်မှလည်း အဆဲမပြတ်။

"မင်း ဒါလေးတောင် မလုပ်နိုင်ဘူးဆိုလည်း ဘာလို့ ငါ့ကို ခေါ်လာသေးတာလဲ၊ Fxxk ပဲ ဟေ့ကောင်! ငါက မင်းကို မျက်ခွက်တစ်ခုကလွဲ ဘာမှ မကြိုက်ဘူးကွ! ချီး!!! ငါနဲ့အတူအိပ်ချင်တဲ့ အယ်လ်ဖာတွေမှ ပေါသောနေတာပဲ၊ ငါပြုစုပေးတာကို ခံချင်နေကြတဲ့ အယ်လ်ဖာတွေဆိုတာလည်း မင်းအသက်ကို ၄နဲ့ မြှောက်ပြီး တွက်လို့တောင်ရတယ်၊ မျက်ခွက်နဲ့ သောက်ကျင့် လုံးဝမလိုက်တဲ့ ခွေးကောင်၊ ငါသာ အယ်လ်ဖာဆို မင်းကို ထမရလောက်တဲ့အထိ လုပ်ပစ်တယ်၊ ဒီ သူတောင်းစား!!! ငါ့ကိုများ တွန်းထုတ်ရဲတယ်ပေါ့!! မင်း နောင်တရစေရမယ် မင်းရတုရှင်!!"

အိုမီဂါ၏ နာမည်ဟာ တွန်မီမင်းမြတ်ဖြစ်ပြီး သူက ​နာမည်ကြီး အဆိုတော်များထဲမှ တစ်ယောက်ဖြစ်သည်။ တစ်နိုင်ငံလုံးက သူ့အား 'တွန်မီ' အနေနှင့်သာ သိကြပြီး သူဟာ အရည်အချင်းရှိသော အဆိုတော်တစ်ယောက်ဖြစ်သည်မို့ ပရိတ်သတ်အင်အားလည်း များသလို သူ၏ ရှုပ်ပွေတတ်လွန်းသောစရိုက်နှင့် ညအိပ်ဖော် မကြာခဏလဲတတ်သော အကျင့်တို့ကြောင့် အကျင့်ပျက် အိုမီဂါအဆိုတော်တစ်ယောက်အဖြစ် လူမုန်းလည်း များသူဖြစ်၏။

တွန်မီဟာ မြို့တော်၌ အလှဆုံး၊ ချစ်ဖို့အကောင်းဆုံးနှင့် အချောဆုံး အိုမီဂါတစ်ယောက် မဟုတ်ပါသည့်တိုင် သူ၏ အနီရောင်ဆံပင်တို့နှင့် မိုက်တိမိုက်ကန်းနိုင်လှပြီး လုပ်ချင်ရာလုပ်တတ်သောစရိုက်တို့ဟာ လွန်စွာ လိုက်ဖက်ညီလွန်းလှသည်မို့ အယ်လ်ဖာများအတွက် ဆွဲဆောင်မှုတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် သူက သူ၏အနုပညာနယ်ပယ်၌ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူနှင့်အတူ အလုပ်တွဲလုပ်ချင်ကြသော အနုပညာရှင်များက မနည်းလှပါချေ။

'The Moon Pulls The Tide' (Season 2 of IBYLM)Wo Geschichten leben. Entdecke jetzt