Chapter - 57

15.5K 1K 315
                                    

အောက်ထပ်ဘက်ခြမ်းမှလာသောအသံကြောင့် အက်စ်ရော၊ တေဇသူရိန်ပါ ငုံ့ကြည့်လိုက်မိကြသည်။ ထိုအခါ သူတို့သည် အေးစက်စက် မျက်ဝန်းတစ်စုံနှင့် ဆုံသွားပြီးနောက် တစ်ဖက်လူက လှေကားထစ်များအတိုင်း အပေါ်သို့တက်လာသည်ကို မြင်လိုက်ကြရ၏။

"ဘယ်တုန်းကတည်းက ရောက်နေတာလဲ၊ သံပန်းတံခါးဖွင့်သံကို မကြားရဘူးဆိုတော့"

အက်စ်က အနားသို့ရောက်လာသည့် ရတုကို မေးလိုက်တော့ ရတုက တေဇသူရိန်အား အကြည့်တို့နှင့်ပင် အမှုန့်ခြေတော့မည့်အလား စိုက်ကြည့်နေရင်းမှ ပြန်ဖြေလိုက်သည်။

"၁၁ ခွဲကတည်းက၊ အဲ့ဒါတွေ နောက်ထား၊ အရင်ဆုံးကျုပ်သိချင်တာ ဒီကောင်က ဘာလဲ"

ရတုအတွက် မကျေနပ်ဆုံးဖြစ်စေသည်မှာ သူက နာရီဝက်လောက်ကြိုပြီး လာစောင့်နေတာတောင် တစ်ဖက်မှ သကောင့်သားက သူ့ထက်စောပြီး သူ့လူကို Birthday Wish လုပ်ပေးခဲ့ခြင်းကြောင့်ပါပင်။

လက်ရှိအခြေအနေကြောင့် ရတုကဲ့သို့ပင် တေဇသူရိန်သည်လည်း အလိုမကျသလို မျက်ခုံးတန်းများ တွန့်ချိုးနေလေ၏။ သူ၏အကြည့်တို့က ရတု၏ပုံစံအား အထက်အောက် စုန်ချည်၊ ဆန်ချည်ကြည့်ကာ အကဲခတ်နေသည်။

ရတုဟာ ယခု၌ အနက်ရောင်တီရှပ်နှင့် ဘောင်းဘီရှည်တို့ကို ဝတ်ထားပြီး အနက်ရောင် ဂျင်းကုတ်ကိုတော့ ပုခုံးထက်၌ ခြုံထား၏။ သူ့ခန္ဓာကိုယ်တွင် ဖြူနေသည်မှာတော့ ဖြူဖျော့ဖျော့အသားအရည်နှင့် ညာဘက်လက်မှ ကျောက်ပတ်တီးတို့သာပင်။

သူ၏ဘယ်ဘက်လက်၌ကား စတော်ဘယ်ရီကိတ်ဘူးတစ်ဘူးကို ကိုင်ထားလေသည်။ ထိုကိတ်ဘူးဆီသို့ အကြည့်အရောက်တွင်တော့ တေဇသူရိန်တစ်ယောက် နှာမှုတ်သံထွက်ရုံ လှောင်ရယ်သံ ထုတ်လိုက်မိတော့၏။

"ကျုပ်ကို ဘာကောင်လဲလို့ မေးရအောင် ခင်ဗျားကရော ဘာကောင်လဲ၊ အဆင့်မြင့်အယ်လ်ဖာတစ်ယောက်ရဲ့ မွေးနေ့ကို စတော်ဘယ်ရီကိတ်နဲ့ လာလုပ်ပေးတဲ့လူကိုတော့ ကျုပ်ဘဝမှာ ပထမဆုံးမြင်ဖူးတာပဲ၊ ဘာလဲ၊ ဆိုင်ပိတ်ခါနီးမှ သွားဝယ်မိလို့ ရှိတဲ့ကိတ် ကောက်ဝယ်လာတာလား"

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now