Final Chapter (Zawgyi)

3.7K 118 9
                                    

"ဝါး........................ ဝါး............................ ဝါး............... ဝါး............................"

တစ်ရက်သားအရွယ် သားငယ်လေး၏ငိုသံက တစ်ဆထက်တစ်ဆ ပို၍ကျယ်လောင်လာပြီး ကလေးဟာ လွန်စွာဝမ်းနည်းတကြီး ဖြစ်နေပါသည့်နှယ်။

"ဝါး......................... ဝါး........................... အူဝဲ........................."

ဆေးရုံ၏ VVIP Room အတွင်း၌ အပြာနုရောင် နှစ်ယောက်အိပ် ကလေးအိပ်ရာတစ်ခုရှိပြီး ယခုအချိန်တွင်တော့ အိပ်ရာထဲတွင် ငိုနေသော ကလေးတစ်ယောက်သာ ရှိပါတော့၏။ နောက်ကလေးတစ်ယောက်သည်ကား လူကြီးများ၏အလယ်တွင် စိုးရိမ်ရသောအခြေအနေ၌ ရောက်နေလေသည်။

ဖခင်နှစ်ယောက်က ဆရာဝန်များ သူတို့၏သားကြီးလေးကို အလျင်စလိုစစ်ဆေးပြီး နှလုံးပြန်ခုန်အောင် လုပ်ဆောင်နေကြသည်အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်မို့ သားငယ်လေးဘက် မလှည့်နိုင်ကြပါချေ။ အလားတူပင် အခြားသော နှစ်ဖက်ဘိုးဘွားများ၊ ဦးလေးများနှင့် အဒေါ်များသည်လည်း ရုတ်တရက်ဖြစ်သွားသည့် အခြေအနေကြောင့် မင်သက်နေကြ၍ သားကြီးလေး၏အနား၌ ဝိုင်းနေသော ဆရာဝန်နှင့်သူနာပြုအဖွဲ့ကိုသာ တုန်လှုပ်စွာဖြင့် ကြည့်နေမိကြ၏။

"ဝါး................. ဝါး................................"

သားငယ်လေး၏ငိုသံက ပို၍ကျယ်လောင်လာလေသည်။ သားငယ်လေးရှိရာ အိပ်ရာနံဘေး၌ သူနာပြုဆရာမတစ်ဦးရှိသော်ငြား သူ(မ)ဟာ ကလေးကို အငိုတိတ်အောင် ဘယ်လိုမှမစွမ်းဆောင်နိုင်ဘဲ ဖြစ်နေ၏။ ထို့ပြင် သူ(မ)ကြောင့် သခင်ငယ်ပေါက်စလေး တစ်ခုခုဖြစ်သွားမည်ကိုလည်း စိုးနေ၍ ကလေးကို ပွေ့မချီရဲဖြစ်နေရာ ကလေးနှင့်အတူ သူ(မ)ပါ ငိုတော့မည့်မျက်နှာမျိုး ဖြစ်နေတော့သည်။

ယင်းသို့ သူ(မ)တစ်ယောက်တည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်တွင် သန်မာသောလက်တစ်စုံက ကလေးကို ဂရုတစိုက်ဖြင့် ပွေ့ချီလိုက်လေ၏။ သို့ဖြစ်၍ သူ(မ)လှည့်ကြည့်လိုက်တော့ မျက်နှာမကောင်းဖြစ်နေကြသော ဆက်ခံသူသခင်လေးနှင့် ကြင်ယာတော်တို့အား တွေ့လိုက်ရပြီး သခင်လေးက သူ၏တူတော်လေးကို ဂရုတစိုက်ဖြင့် အသံတိတ်ချော့မြှူလိုက်သည်အားလည်း တစ်ဆက်တည်း မြင်လိုက်ရ၏။ အလားတူပင် ကြင်ယာတော်ကလည်း ဝမ်းနည်းတကြီးငိုနေသော ကလေးလေး၏ ရင်ဘတ်ငယ်လေးထက် လက်ဖဝါးဖြင့် နူးညံ့စွာပုတ်ပေးရင်း ချော့မြှူစကားတို့အား ခပ်တိုးတိုးဆိုနေလေသည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Wo Geschichten leben. Entdecke jetzt