Chapter - 31

18.5K 1.3K 390
                                    

ဂျိုးဇက်ဟာ ပတ်ဝန်းကျင်ရှိလူများနှင့် သတင်းထောက်များကို လုံးဝဂရုမစိုက်ဘဲ သျှန်ယုအားပွေ့ချီကာ ခန်းမထဲမှ အမြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ပတ်လည်၌ သက်တော်စောင့်များက ဝန်းရံကာ စောင့်ရှောက်နေကြပြီး လမ်းတစ်လျှောက်လုံး သတင်းထောက်များထံမှ ကင်မရာမီးရောင်တို့က တဖျတ်ဖျတ်ဖြစ်နေကြ၏။

"ကားတွေထွက်လာပါပြီ အစ်ကိုလေး၊ ထွက်ပေါက်ရှေ့ကပဲ စောင့်လို့ရပါတယ်"

ဒုတိယသက်တော်စောင့်ခေါင်းဆောင်က ပြောလိုက်ခြင်းဖြစ်ပြီး ဂျိုးဇက်က ဘာမှပြန်မပြောပါသော်ငြား ထွက်ပေါက်ရှေ့သို့အရောက် တံခါးဝ၏ ဘေးဘက်ခြမ်းတွင် ခြေလှမ်းတို့ကို ရပ်လိုက်သည်။

ဂျိုးဇက်ဟာ ယခုအချိန်၌ လက်ခုံထက်မှ သွေးစက်စက်ကျနေသော ဒဏ်ရာကြောင့် အသိစိတ်တို့ တစ်ဆထက်တစ်ဆ ပိုတိုးလာတော့ပြီပင်။ ထို့ကြောင့် သူဟာ သူ့ကိုယ်သူကိုရော၊ သူ၏ Pheromones များကိုပါ မကျေနပ်သည်မို့ Rut ဝင်နေသည့်ကြားမှ Pheromones တို့ကို အတင်းအကြပ် ပိတ်ထားပစ်လိုက်၏။

သူ့ Pheromones များဟာ သဘောကျရသူကို ထိခိုက်စေနိုင်သောကြောင့်လည်း အလိုမကျစိတ်တို့က ပိုတိုးလာပြီး ယင်းတို့ကို အပြည့်အဝ ထိန်းချုပ်ထားလိုက်ခြင်း ဖြစ်သည်။

စင်စစ် အဆင့်မြင့်အယ်လ်ဖာတစ်ယောက်၏ Pheromones များသည် ပြင်းထန်လွန်းသော​ကြောင့် Rut ကာလ၌ တစ်ခုမကျန် ပိတ်ဆို့ထားဖို့ရန်မှာ မလွယ်ကူလှပါချေ။ ထို့ပြင် ဂျိုးဇက်၏ Pheromones များဟာ ယခုလေးတင်မှ ရာနှုန်းပြည့်ကိုက်ညီသော မိတ်ဖက် Pheromones များ၏ ဆွဲဆောင်ခြင်းကိုလည်း ခံထားကြရပါသေးသည်။

သို့ဖြစ်ရာ ဂျိုးဇက်အနေနှင့် ၎င်းတို့အား ပုံမှန်အချိန်များကဲ့သို့ ထိန်းချုပ်ရန်မလွယ်ပါ။ ထို့ကြောင့်လည်း ယခု၌ သူ၏မျက်နှာထားဟာ ပုံမှန်ထက်ပို၍ တည်တင်းခက်ထန်နေပါတော့၏။

"ဟီး..................."

သျှန်ယုသည် ထိန်းချုပ်ဆေးကို ထိုးထားပြီးဖြစ်ပါသည့်တိုင် Heat ကာလထဲ ရောက်နေတော့ပြီမို့ သာမန်အချိန်များထက် ပို၍ဝမ်းနည်းလွယ်နေခြင်း ဖြစ်သည်။ သူက မြင်ခဲ့ရသော မြင်ကွင်းတို့ထဲမှ ရုန်းမထွက်နိုင်ဖြစ်နေသောကြောင့် ဂျိုးဇက်၏ရင်ခွင်ထဲ၌ မျက်နှာအပ်ထားကာ တောက်လျှောက်ငိုနေတော့လေ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now